ပရိသတ်ကြီးရေ နေမျိုးအောင်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာလမ်းပေါ်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။နေမျိုးအောင်က သဘာဝမင်းသားကြီးတစ်လက်ဖြစ်ပြီး သရုပ်ဆောင်လည်းပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေက အားပေးရကျိုးနပ်နေတာဖြစ်ပါတယ်။နေမျိုးအောင်က သားနှစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး မိသားစုကိုလည်း လိုလေသေးမရှိအောင် ထားပေးတာဖြစ်ပါတယ်နော်။





နေမျိုးအောင်ရဲ့ချစ်ဇနီးကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသပြီး အရာရာကိုစီမံခန့်ခွဲပေးနိုင်တဲ့သူဖြစ်ပါတယ်။နေမျိုးအောင်တို့ဇနီးမောင်နှံက စီးပွားရေးဆိုလည်း တင်ညီလက်ညီလုပ်ဆောင်ကြတာဖြစ်လို့ သူတို့ရဲ့ "အာဗြဲစိန်"pageလေးမှာ တစ်နေ့ သိန်းတစ်ရာကျော်ဖိုးလောက် ရောင်းနေရတာဖြစ်ပါတယ်။နေမျိုးအောင်တို့မိသားစုကတော့ စည်းစည်းလုံးလုံးနဲ့ အလုပ်ကို မခိုမကပ်ဘဲလုပ်ကြတာဖြစ်ပါတယ်နော်။





နေမျိုးအောင်ရဲ့သားနှစ်ယောက်လုံးကလည်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်ထားကြပြီး ဝါသနာပါတဲ့သူတွေဖြစ်ပါတယ်။အခုဆိုရင်တော့ နေမျိုးအောင်ရဲ့ချစ်ဇနီးက အဖေတူဖြစ်တဲ့သားငယ်လေးရဲ့ ငယ်ဘဝကနေ အခုအရွယ်ထိပုံတွေကို တင်ပေးလာတာဖြစ်ပါတယ်။သားငယ်လေးက နေမျိုးအောင်နဲ့တူလို့ ကြီးလာရင် မိန်းကလေးတွေဝိုင်းဝိုင်းလည်နေရလောက်အောင် အရမ်းချောမှာဖြစ်လို့ သူ့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။





Source&Photo Credit:အာဗြဲစိန် Facebook page