စိုးပြည့်သဇင်နဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားတဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံလေးတွေကို မျှဝေလာတဲ့ ဟိန်းဝေယံ

//s9.kh1.co/bf/bf840aca2c20c3b772fa35c28b04cba9bafc870a.jpg
အနုပညာရှင်များ

 ၀၃-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

သရုပ်ဆောင် ဟိန်းဝေယံကတော့ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ သူလည်း ဖြစ်ပါတယ်။ ဟိန်းဝေယံက စကားသံ ချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိအောင်ပြောဆိုတတ်သူဖြစ်ပြီး ရှည်လျားတဲ့ အရပ်အမောင်းနဲ့ တောင့်တင်းတဲ့ Body အမိုက်စားကို ပိုင်ဆိုင်ထားတာကြောင့် ဆယ်ကျော်သက် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲပါ။

Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 

နှစ်အတော်ကြာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်အောင်မြင်နေတဲ့ ဟိန်းဝေယံဟာဆိုရင် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ကောင်းမွန်ပီပြင်တဲ့ သူရဲ့ အနုပညာအရည်အချင်းတွေကို ပရိသတ်တွေက ကြိုက်နှစ်သက်တာဖြစ်ပြီး သူပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကလည်း အောင်မြင်မှုတွေရရှိထားတာကို တွေ့ရပါတယ်။

Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 

ယခုမှာလည်း သရုပ်ဆောင် မင်းသမီးချော စိုးပြည့်သဇင်နဲ့အတူ ရိုက်ကူးထားတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို တင်ပေးလာတာဖြစ်ပြီး " နှလုံးသားဒိုင်ယာရီ ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်းတချို့.." ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ရိုက်ကွင်းနောက်ကွယ်က သရုပ်ဆောင် မင်းသားချော ဟိန်းဝေယံနဲ့ မင်းသမီးချော စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်...... ။

Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 
Photo credit - Hein Wai Yan's Facebook Account 

သတင်း အရင်းအမြစ်Photo credit - Hein Wai Yan's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T