မကွေးမှာ KTV တစ်ခုခိုးဖွင့်လို့ အဖမ်းခံရတယ်ဆိုတဲ့သတင်းကြောင့် သူ့ကိုစိတ်ပူပြီး သတင်းလှမ်းမေးတဲ့သူတွေကို ရှင်းလင်းပြောပြလိုက်တဲ့ ပြေဇင်

//s9.kh1.co/4b/4b5606cac9e44d399e5d7ea39b30d63adc408bdd.jpg
အနုပညာရှင်များ

 ၀၃-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

မကွေးမှာ KTV တစ်ခုခိုးဖွင့်လို့ အဖမ်းခံရတယ်ဆိုတဲ့သတင်းကြောင့် သူ့ကိုစိတ်ပူပြီး သတင်းလှမ်းမေးတဲ့သူတွေကို ရှင်းလင်းပြောပြလိုက်တဲ့ ပြေဇင်

သရုပ်ဆောင်မင်းသားချော ပြေဇင်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာရိုက်ကူးပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ပြေဇင်က ဇာတ်ရုပ်တွေကို သဘာဝကျကျနဲ့ ပီပြင်လာအောင်ဖန်တီးပြီး ပုံဖော်တာကြောင့် သူ့ရဲ့အနုပညာအရည်အချင်းတွေကို ပရိသတ်တွေကသဘောကျနှစ်ခြိုက်ကြတာ ဖြစ်ပါတယ် ။ ပြေဇင်က အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသလို အနုပညာအလုပ်တွေတစ်ဖက်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ 

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc

အခုတော့ ပြေဇင်က သူရှယ်ယာဝင်ပြီး ဖွင့်လှစ်ထားတဲ့ KTV လေးနဲ့ပတ်သက်ပြီး အားလုံးသိအောင် ရှင်းရှင်းလင်းလင်းပြောပြလိုက်တာ ဖြစ်ပါတယ် ။ ပြေဇင်က "မကွေးမှာ ktv တစ်ခု ဒီကာလမှာခိုးဖွင့်လို့ အဖမ်းခံရတယ်တဲ့။ အသိမိတ်ဆွေတချို့က ကျွန်တော့်ကိုစိတ်ပူပြီး သတင်းလှမ်းမေးကြတယ်။ ကျွန်တော်က မကွေးကသူငယ်ချင်းတချို့နဲ့ အစုရှယ်ယာ ဘားနဲ့ktv လေးဖွင့်ထားတာကိုး စိတ်ပူကြမှာပေါ့။ အစုရှယ်ယာဆိုလို့ အထင်လည်းသိပ်မကြီးကြနဲ့ဦး။ကျွန်တော်ပါဝင်တဲ့ရှယ်ယာက အနည်းဆုံးပဲ။ငွေပိုငွေလျှံရှိလို့ ရှယ်ယာပါထားတာမဟုတ်ပါဘူး။ ၂၀၁၆လောက်က စီးနေတဲ့ကားလေးကိုရောင်းပြီးရှယ်ယာထည့်ထားတာပါ။ တကယ်တော့ ဒါတွေက မပြောပြသင့်တဲ့အကြောင်းတရားတွေပါ။ လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ။ အကျိုးအမြတ်လိုချင်လို့ ရင်းနှီးမြုပ်နှံတဲ့သဘောပါ။ ၂၀၁၇မှာ ဆိုင်စတင်ဆောက်လုပ် ပြင်ဆင်တာဟာ ၂၀၁၈နှစ်ကုန်မှ စဖွင့်နိုင်ခဲ့ပါတယ်။ယဆိုင်စဖွင့်တဲ့အချိန်မှာ ktv မဖွင့်နိုင်သေးပါဘူး။ Bar သာ စဖွင့်ရင်း ရလာတဲ့ငွေအနည်းငယ်နဲ့ ဖြည်းဖြည်းချင်း ktvအခန်းလေးတွေ တိုးချဲ့ခဲ့ရတယ်။ ၁ခန်းမှ ၂ခန်း ၂ခန်းမှ၈ခန်းထိ ဖြစ်ဖို့ အချိန် တစ်နှစ်လောက်ရင်းနှီးခဲ့ရပါတယ် ဒါတွေအားလုံးကို လက်ရှိရှယ်ယာအများဆုံးနဲ့ ဦးစီးဦးဆောင်လုပ်ပေးနေတဲ့ မကွေးကမြို့ခံသူငယ်ချင်းအသိဆုံးပါ။ ဆိုတော့ ကျွန်တော်တို့ရဲ့ bar&ktv ကို ၂၀၁၉နှစ်ကုန်မှ အလုံးစုံ အချောသတ်ဖွင့်နိုင်ခဲ့ပါတယ်။"

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc

"ကျွန်တော်တို့ ktv လေးက family ktv ပါအကျိုးအမြတ်လိုချင်လို့ စီးပွားရေးလုပ်တယ်ဆိုပေမယ့် မသမာတဲ့နည်းလမ်းတစ်ခုမှ မသုံးခဲ့ပါဘူး။ အစိုးရကချမှတ်တဲ့ စည်းကမ်း စံချိန်စံညွှန်းတွေနဲ့ အညီ  လိုင်စင်ကအစ အခွန်ပါမကျန် လစ်ဟင်းမှုမရှိအောင် သူငယ်ချင်းဖြစ်သူ မကွေးသားက စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာပါ။ ဆိုင်ဖွင့်ဖွင့်ချင်းမှာ ကြွေးလိုက်ရတဲ့ FOC ဆိုတာ မနည်းမနော။ FOC ဆိုတာကို နားလည်ခဲ့လို့ ကိုယ် ကိုယ်တိုင် FOC မဖြစ်အောင် နေထိုင်ကျင့်ကြံခဲ့ပါတယ်။ ဒီကာလဆိုးကြီးမှာ ကိုယ့်ထက်ဒုက္ခရောက်နေသူတွေ ဒုနဲ့ဒေးပါ။ ဒါကို ကိုယ့်ဒုက္ခမှ ဒုက္ခလို့သတ်မှတ်ရင်ဒါကို မတရားရာကျလိမ့်မယ်။ ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတဲ့ ရောဂါကပ်ဆိုးကြီးကို ကြုံနေရတဲ့အချိန်မှာ ဘယ်သူ့ကိုမှအပြစ်မတင်ချင်ဘူး။ ဒါ ကျွန်တော့်ရင်တွင်းစကားပါ။ နေ့စဉ်ကူးစက်မှုများနေတာကို နေ့စဉ်အပြင်ထွက်နေတဲ့သူတွေကို အပြစ်တင်လို့မရဘူး။ တစ်နေ့လုပ်တစ် နေ့စားတွေ စားဝတ်နေရေးအရမ်းခက်ခဲနေကြပါတယ်။စည်းကမ်းချက်တွေ ထုတ်ထားပေမယ့် ဥပဒေနဲ့အညီဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အစိုးရကိုလည်းအပြစ်မတင်ရက်ပါဘူး။ အစိုးရကိုယ်တိုင် ကိုင်တွယ်ဖို့ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ ထိုအခြေအနေ အချိန်ကာလကြီးမှာ လူတိုင်းဟာ စိတ်ဘဝင်မကျဖြစ်ကြရပါတယ်။ ထွက်ပေါက်ကို fbပေါ်ရှာကြပုံရပါတယ်။ကျွန်တော်လည်း ထွက်ပေါက်တစ်ခုကို Fbပေါ်ရှာပါရစေ..."

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc

"ကျွန်တော်တို့ရဲ့ bar&ktv လေးဟာ ဆယ်တန်းစာမေးပွဲစဖြေတဲ့အချိန်ထဲက စီမံချက်ဆိုတဲ့ အသုံးအနှုန်းတစ်ခုကြောင့် ခဏပိတ်ပေးရပါတယ်။ စာမေးပွဲတွေပြီးတော့ ကိုဗစ်စတင်လာလို့ ဆက်လက်ပိတ်ပေးရပါတယ်။.ကိုဗစ်ပထမလှိုင်းပြီးတော့ ခဏပြန်ဖွင့်ခွင့်ရပါတယ် လုပ်ငန်းစတင်ပြန်လည်ပတ်ဖို့ အားယူတုန်း ဒုတိယလှိုင်းကြောင့်ပြန်ပိတ်ထားရတာ ဒီနေ့အထိပါပဲ။ဘယ်တော့ပြန်ဖွင့်ခွင့်ရမယ်ဆိုတာ မသေချာသေးပါဘူး။ပါဆယ်ရောင်းတာ ဘယ်လိုမှမကိုက်ပါဘူး။ ကေတီဗီကိုလည်း ဘယ်သူမှပါဆယ်မဆိုကြပါဘူး။ ကျွန်တော်တို့ ဆိုင်ကို ဖြုတ် လိုက်ဖို့ဆိုတာ ကျွန်တော်တို့အတွက်မဖြစ်နိုင်ပါဘူး။ ကိုယ့်ဒုက္ခနဲ့ကိုယ် ကြံ့ကြံ့ခံကြရပါတယ်။ လက်ရှိအချိန်မှာ ဆိုင်ကရတဲ့ဝင်ငွေ လုံးဝမရှိပါဘူး။ ရှေ့မှာရှိခဲ့လားဆိုတော့လည်း မရှိခဲ့ပါဘူး။ ဝင်ငွေဆိုတာ အမြတ်ငွေကိုပြောတာမဟုတ်ပါ။ရင်းထားတဲ့အရင်းနှီးကိုမေ့ပြီး ဆိုင်ကိုကောင်းသထက်ကောင်းအောင် ကြိုးစားလုပ်ကိုင်နေကြတဲ့အတွက် အရင်းပြန်မရရင်တောင် ဝင်လာတဲ့ဝင်ငွေကို ဆက်လက်ရင်းနှီးနေကြတာပါ။ကျွန်တော်အလုပ်မရှိတာ တစ်နှစ်ရှိပါပြီ။ဆိုတော့က Ktv တွေ Barတွေ စားသောက်ဆိုင်တွေ ခိုးဖွင့်ကြတာကို အပြစ်မမြင်ကြစေချင်ဘူး... ခိုးဖွင့်လို့ ဖမ်းခံရရင်လည်း ဝမ်းမသာကြစေချင်ဘူး...ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာပဲ ခိုးလုပ်နေကြသူတွေဟာ ကိုယ့်ကိုကိုယ်အသိဆုံးပါ။အဆိုးဆုံးကတော့ " ခိုး"ဆိုတဲ့အသုံးအနှုန်းကို မသုံးကြပါနဲ့ဗျာ။ ကျွန်တော်တို့ မခိုးကြပါဘူး။သူ့စီးပွား ကိုယ့်စီးပွားကိုယ်ချင်းစာပေးကြပါ။ခေတ်ကောင်းကောင်း မကောင်းကောင်း ရူးချင်ယောင်ဆောင်နေကြသူတွေ အများကြီးပါ။ အရူးကွက်တွေနင်းပြီး "ခိုးဖွင့်တာအဖမ်းခံရတာတောင်နဲသေး ဆိုင်ကိုရာသက်ပန်ပိတ်ပြစ်" "လိုင်စင်သိမ်း ထောင်ချ"ဥပဒေမလိုက်နာတဲ့သူတွေ ၄ပဲ"တို့ဘာတို့တွေ မပြောကြပါနဲ့ဗျာ...အဆိုးဆုံးက "ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်းမစာဘူး"လို့ မပြောကြပါနဲ့ဗျာ...မကျန်းမာချင်တဲ့လူ ကမ္ဘာပေါ်မှာတစ်ယောက်မှမရှိဘူး။&ကိုယ်ချင်းစာကြပါ။တရားဥပဒေ အမှန်အကန်စိုးမိုးတဲ့တစ်နေ့ ကျွန်တော်ချမ်းသာရမယ်လို့ အိမ်ကဘုရားမှာထိုင်ဆုတောင်းရင်း...ပြေဇင်ကျွန်တော့်ကိုစိတ်ပူပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Pyay Zin's FB Acc

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T