ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ဆုပန်ထွာကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတာဖြစ်ပြီး အောင်မြင်မှုတွေကို များစွာရရှိပိုင်ဆိုင်ထားတဲ့ သူပဲဖြစ်ပါတယ် ။ သရုပ်ဆောင် အလုပ်အပြင် အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ သူမက ကောင်းမွန်သာယာတဲ့ အသံချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာဖြစ်လို့ ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ယောက်ပါ။


အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ကိုင်နေတဲ့ သူမက ပရိသတ်အားပေးမှုကိုလည်း ယနေ့တိုင် ရရှိထားတာပါ။ သာယာပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို ဖန်တီးတည်ဆောက်ထားနိုင်တဲ့ ဆုပန်ထွာက ချစ်စရာကောင်းတဲ့ သားငယ်လေး Roar Roarကိုလည်း မွေးဖွားထားပါသေးတယ်။ အသားညိုညိုလေးနဲ့ စကားတက်လွန်းတဲ့ သားငယ်လေးက ပရိသတ်တွေရဲ့ အသည်းကျော်လေးပါ။



ယနေ့မှာလည်း သားငယ်လေးက အဆိုတော် အေသင်ချိုဆွေရဲ့ တေးသီချင်းနဲ့ Tiktok ဆော့ကစားထားတာဖြစ်ပြီး အသည်းယားစရာကောင်းလွန်းနေတာပါ။ နှုတ်ခမ်းလေးကို ထော်ကာ ချစ်စရာကောင်းအောင် ဆော့ကစားထားတဲ့ ဆုပန်ထွာသားလေးရဲ့ ဗီဒီယိုလေးက ကြည့်မိသူင်္တွေကို အချစ်ပိုစေမှာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်....။


သတင်း အရင်းအမြစ်៖ Photo credit - Supan Htwar's FB account





