ပရိသတ်ကြီးရေ......အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေပြီး ပျော်ပျော်နေတတ်တဲ့ မပွတ်ကျွတ်လို့ခေါ်ကြတဲ့ ခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အမျိုးသမီးဇာတ်ပို့နေရာနဲ့ ဇာတ်ဆောင်နေရာနှစ်ခုလုံးမှာပါ အကယ်ဒမီထူးချွန်ဆုရရှိထားတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။


ခိုင်သင်းကြည်ဟာ ပရိတ်သတ်တွေအားကျရတဲ့မိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး သမီးလေးစံထိပ်ထားဦးဟာလည်း ယခုဆိုရင်အနုပညာအလုပ်တွေစတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ခိုင်သင်းကြည်ဟာ မိသားစုကိုလည်းအချိန်ပေးပြီး ဂရုစိုက်တတ်တဲ့သူလည်းဖြစ်တာကြောင့် သူမတို့မိသားစုလေးဟာလည်း ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့ မိသားစုလေးပါပဲနော်။


ခိုင်သင်းကြည်ဟာ အနုပညာအလုပ်တွေကိုလည်း အခုချိန်ထိသွက်သွက်လက်လက်နဲ့ ကြိုးစားလုပ်ကိုင်ကာ နာမည်တစ်လုံးနဲ့ရပ်တည်နေနိုင်တာဖြစ်ပြီး အရွယ်တင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အ၀ရရှိထားတာပါ။ မကြာသေးမီက ခိုင်သင်းကြည်ဟာ သူမရဲ့ Facebook pageလေးမှာ လူငယ်လေးတစ်ယောက်လို နုပျိုသွက်လက်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Khine Thin Kyi's Facebook page