ပရိသတ်အချစ်တော် ရွှေထူးကတော့ အဆိုတော်အဖြစ် ဂီတလောကကိုစတင်ဝင်ရောက်ခဲ့ပြီး သီချင်းတွေများစွာဖန်တီးရင်းနဲ့ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ နားဝင်ချိုတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးက အချစ်၊အလွမ်းစတဲ့သီချင်းအမျိုးအစားလေးတွေကို ပရိသတ်တွေရင်ထဲထိရောက်အောင် သီဆိုတတ်တာ ဖြစ်ပါတယ် ။ ရွှေထူးက တဖြည်းဖြည်းနဲ့ အရမ်းအောင်မြင်လာခဲ့ပြီး သရုပ်ဆောင်မင်းသားအဖြစ်ပါ ဇာတ်ကားတွေရိုက်ကူးလာရတာ ဖြစ်ပါတယ် ။
အကြီးဆုံးသားဖြစ်တဲ့ ရွှေထူးက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ညီလေး၊ညီမလေးနဲ့ ချစ်မေမေအပေါ်မှာ တာဝန်သိတတ်စွာ စောင့်ရှောက်ပေးနေဆဲ ဖြစ်ပါတယ် ။ ရွှေထူးရဲ့မေမေကလည်း သူ့ရဲ့သားနဲ့ ချွေးမလေးရွှေမှုံရတီကို အရမ်းချစ်ပေးနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ရွှေထူးရဲ့ချစ်မေမေက (၂၂)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ ထီဆုတစ်ဆု ကံထူးသွားခဲ့တဲ့အကြောင်းကို တင်ထားတာ ဖြစ်ပါတယ် ။
ရွှေထူးရဲ့မေမေက "ဒီဇင်ဘာလအစ ငါးသောင်းဆုနဲ့ ပွင့်သွားပြီ ခုမှပေါက်ဖူးတယ်" ဆိုပြီး ဝမ်းသာစရာသတင်းကောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။သူမ ထိုးထားတဲ့ထီလက်မှတ်ကနေ ပထမဆုံးအကြိမ် ထီပေါက်သွားတာကြောင့် ရွှေထူးရဲ့မေမေက အရမ်းကိုပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးတို့သားအမိရဲ့ပုံလေးတွေကိုပါ အမှတ်တရအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Yin Kyay's FB Acc & Htoo Khant's FB Acc