တစ်ယောက်နဲ့ တစ်ယောက် အသံမျိုးစုံဖန်တီးပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားထားတဲ့ သန္တာဗိုလ် ရဲ့ အခွီးဗီဒီယို

//s9.kh1.co/3f/3f6f700ac1b9d76fa6d9a245943b5e516fd2f21d.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၅ နှစ် က

.

မင်းသမီးချောလေး သန္တာဗိုလ် က အနုပညာလောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို များစွာရိုက်ကူးထားပြီး အကောင်းဆုံး လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သန္တာဗိုလ် က အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo Credit - Thandar Bo fb page
Photo Credit - Thandar Bo fb page
Photo Credit - Thandar Bo fb page
Photo Credit - Thandar Bo fb page

သန္တာဗိုလ် က မင်းသားချောလေး ကောင်းပြည့်နဲ့လည်း ချစ်သူတွေဖြစ်ပြီ လိုက်ဖက်တဲ့အတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောမှာလည်း သူမက အပျင်းအပြေ tik tok လေးတွေ ဆေားကစားပြီး ပရိသတ်တွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း သန္တာဗိုလ် က အနုပညာမောင်နှမတွေဖြစ်တဲ့ အောင်လေး ၊ ထက်အောင်ရှိုင်း ၊ အောင်မင်းခန့် အပြင် လင်းအောင်ခေတ်တို့နဲ့အတူ အဖွဲ့လိုက်ဆော့ကစားထားတဲ့ tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Thandar Bo fb page
Photo Credit - Thandar Bo fb page
Photo Credit - Thandar Bo fb page
Photo Credit - Thandar Bo fb page

ဒီဗီဒီယိုလေးထဲမှာတော့ သူငယ်ချင်းတွေအဖွဲ့လိုက်နဲ့ tik tok တွေထဲမှာ ခေတ်စားနေတဲ့ အသံမျိုးစုံထွက်နိုင်တဲ့ ကစားနည်းလေးအတိုင်း ပျော်ပျော်ပါးပါး ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း သန္တာဗိုလ် က " ကိုယ်တွေအဖွဲ့က အသံတွေကိုလည်းဖန်တီးနိုင်တယ်" ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ သန္တာဗိုလ် တို့ရဲ့ အဖွဲ့လိုက်ဆော့ကစားထားတဲ့ tik tok လေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ် Tik Tok Video Credit & Source - Thandar Bo fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T