ကားပေါ်မှာ မြွေအကြီးကြီးတစ်ကောင်ပါလာတာကိုမသိဘဲ သမီးလေးနဲ့နေရာအစုံကိုလျှောက်သွားမိလို့ အရမ်းထိတ်လန့်ခဲ့ရတဲ့ အေးသီတာ

//s9.kh1.co/8c/8c8cf696beaeecb6d7d2b88ce06644ecf2d5ac21.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၅ နှစ် က

ကားပေါ်မှာ မြွေအကြီးကြီးတစ်ကောင်ပါလာတာကိုမသိဘဲ သမီးလေးနဲ့နေရာအစုံကိုလျှောက်သွားမိလို့ အရမ်းထိတ်လန့်ခဲ့ရတဲ့ အေးသီတာ

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်အေးသီတာကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်း လက်ရှိမှာလည်း တစ်နိုင်တစ်ပိုင်စီးပွားရေးလေးချဲ့ထွင်နေတာဖြစ်ပါတယ်။အေးသီတာကိုယ်တိုင်ချက်တဲ့ မုန့်ဟင်းခါးက အရမ်းလက်ရာကောင်းလို့ မှာယူစားသုံးကြတဲ့သူတွေကလည်းအများအပြားရှိပါနော်။အေးသီတာရဲ့မုန့်ဟင်းခါးကတော့ လအနည်းငယ်အတွင်းမှာပင် အရမ်းအဆင်ပြေလာတာဖြစ်ပါတယ်။

Photo Credit:Aye Thida's Facebook Account

အေးသီတာကတော့ မုန့်ဟင်းခါးကို ကိုယ်တိုင်လည်းချက်သလို ကားတစ်စီးနဲ့လည်း ကိုယ်တိုင်အော်ဒါလိုက်ပို့တာဖြစ်ပါတယ်။အေးသီတာက သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ အေးသီတာက ထိတ်လန့်ရင်တုန်စရာကောင်းတဲ့ အဖြစ်အပျက်နဲ့တွေ့ကြုံခဲ့ရတာကို ပရိသတ်လည်းသတိထားလို့ရအောင် မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Aye Thida's Facebook Account
Photo Credit:Aye Thida's Facebook Account
Photo Credit:Aye Thida's Facebook Account
Photo Credit:Aye Thida's Facebook Account

အေးသီတာက"ဒီနေ့ထိတ်လန့်ရင်တုန်စရာ မောင်လေးရဲ့ကားနဲ့ကံမြင့်ဆရာတော်ကျောင်းသွား၊သူတို့အိမ်ဝင်တေးတို့ချမ်းတို့နဲ့ဆော့ဗဟန်းအမေ့အိမ်သွား၊ကိုယ်ကလမ်းထဲဝင်တုန်းရှိသေးမောင်လုပ်တဲ့သူကဖုန်းဆက်ခေါ်ထွက်ကြည့် အားပါးပါးသူ့ကားထဲကမြွေကြီးအကြီးကြီး လျှောထွက်လာလမ်းမပေါ်မှာ အားပါးပါးမြွေအရမ်းကြောက်တဲ့မိန်းမ၊သမီးလေးနဲ့၂ယောက်ကားနောက်ခန်းမှာသူလာပေါက်လိုက်ရင်ဟင်းတွေးလိုက်ရင်သေးဖြန်းဖြန်းထွက်ကျချင် သူ့ကိုအမူးသမားတစ်ယောက်ကရိုက်သတ်လိုက်သတဲ့ သူ့သင်းချိုင်းဗဟန်းမှာလာရှိလေသလားကောင်းရာသုဂတိလားပါစေ"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Aye Thida's Facebook Account
Photo Credit:Aye Thida's Facebook Account
Photo Credit:Aye Thida's Facebook Account
Photo Credit:Aye Thida's Facebook Account

Source&Photo Credit:Aye Thida's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T