သူငယ်ချင်း ပြေတီဦးရဲ့ ယနေ့ကျရောက်တဲ့ မွေးနေလေးကို အမှတ်တရပုံလေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ ကိုပေါက်

//s9.kh1.co/65/65cb10311bb7a3254c2b7305d2b659204adbeb09.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ ယနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့မှာတော့ နိုင်ငံကျော် အကယ်ဒမီမင်းသား ပြေတီဦး ရဲ့ အသက် ၄၉ နှစ်ပြည့်မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။ ပြေတီဦး ကတော့ အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတွေထဲမှာတစ်ယောက်အပါဝင်ဖြစ်ပြီး အောင်မြင်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Aung Min Naing fb account

ယနေ့ကျရောက်တဲ့ မွေးနေ့လေးမှာတော့ ချစ်တဲ့ပရိသတ်တွေအပြင် အနုပညာညီအစ်ကိုမောင်နှမတွေကို ကြည်နူးစရာမွေးနေ့ဆုမွန်ကောင်းတွေကိုလည်း တောင်းပေးထားတာ တွေ့ရပါတယ်။ ယခုမှာလည်း သူငယ်ချင်းဖြစ်သူ သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ကတော့ ပြေတီဦး ရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။

Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account
Photo Credit - Aung Min Naing fb account

"ချစ်လှသွာသောသူငယ်ချင်းရဲ့ အခုကျရောက်တဲ့ ၄၉ နှစ်ပြည့်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့မိသားစုနဲ့အတူတူငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာ ဖြတ်သန်းနိုင်ပါစေ...ငါ့ကိုလည်း များများကြပ်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်"ဆိုပြီး ရေးသားထားပါတယ်။ ဒါ့အပြင် ကြည်နူးစရာကောင်းလောက်တဲ့ ပုံလေးတွေလည်း ဖော်ပြပေးထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေလည်း ယနေ့ကျရောက်တဲ့ ပြေတီဦး ရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်။

သတင်း အရင်းအမြစ် Source - Aung Min Naing fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T