အဆိပ်ပြီးတဲ့အစွမ်းတွေရှိနေတဲ့ Clown ငါးလေးများ

//s9.kh1.co/61/61b8a71129dae729b46218530cf53a67d6601a01.jpg
MPT

 ၂၆-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၃ ရက် က

အဆိပ်ပြီးတဲ့အစွမ်းတွေရှိနေတဲ့ Clown ငါးလေးများ

Clown Fish လို့ခေါ်တဲ့ ဒီငါးလေးတွေဟာအရောင်အဆင်းလှတာကြောင့် အိမ်မွေးငါးအဖြစ်တော်တော်များများမွေးမြူကြပါတယ်။ အမျိုးအစားပေါင်း ၄၈ မျိုးကျော်ရှိတဲ့ ဒီငါးတွေဟာလိမ္မော်ရောင်အဖြစ်လူသိများပေမဲ့ တစ်ခြားအရောင်တွေလည်းအများကြီးရှိပါတယ်။ သူတို့ဟာ မွေးကတည်းကအကုန်လုံးအထီးအနေနှင့်မွေးလာကြတာဖြစ်ပြီးတော့ မိတ်လိုက်ချိန်ရောက်မှအမအဖြစ်ပြန်ပြောင်းသွားကြတာပါ။

https://s9.kh1.co/__image/w=564,h=493,q=100/85/8550b7828bcefebfe15553e7a325b4c0f8f18c16.jpg

ဒီငါးလေးတွေဟာ ပင်လယ်ရေအောက်ကမ္ဘာရဲ့အဆိပ်ပြင်းပါတယ်ဆိုတဲ့ Annemones ကောင်လေးတွေရဲ့အဆိပ်ကိုခုခံနိုင်စွမ်းရှိကြပါတယ်။ ဒီအန်နီမိုးနီးစ်အကောင်လေးတွေဟာ ကျောက်ဆောင်တွေမှာပေါက်ပြီးသူ့ကိုထိတွေ့တဲ့တိရစ္ဆာန်တော်တော်များများကိုအဆိပ်သင့်စေပြီးအစာအဖြစ်စားသုံးတာပါ။ ဒါပေမဲ့ Clown Fish တွေကတော့ ဒီအဆိပ်ကိုခံနိုင်စွမ်းရှိပြီးတော့ သူတို့နှင့်အတူနေထိုင်နိုင်တဲ့ငါးမျိုးစိတ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=634,q=100/84/84250f1a034707dae0afad704310fc2010f2b637.jpg

အန်နီမိုးနီးစ်အကောင်လေးတွေရဲ့အကူအညီနှင့် သူတို့ဟာရေကူးမတော်ပေတဲ့ မုဆိုးတွေရဲ့လက်ကနေအလွယ်တကူလွတ်မြောက်နိုင်ကြပါတယ်။ မျိုးပွားနိုင်စွမ်းမြင့်ပြီးတော့ သားကောင်တွေအလွယ်တကူမတွေ့နိုင်တာကြောင့် သူတို့ဟာအတော်လေးအကောင်ရေများပြီးတော့ မျိုးသုဥ်းပျောက်ကွယ်ဖို့မစိုးရိမ်ရတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ သဘာဝထဲကသူတို့ဟာ အိမ်မွေးငါးတွေထက် နှစ်ဆပိုပြီးအသက်ရှည်ကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T