ကျုးကျော်မျိုးစိတ်တစ်ခုအဖြစ်သတ်မှတ်ခံနေရတဲ့ Oxeye ဒေစီများ

//s9.kh1.co/7c/7ce723c27173fcff168a1b859e5ca6d67e0ddc09.jpg
MPT

 ၂၉-ဇွန်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၃ ရက် က

ကျုးကျော်မျိုးစိတ်တစ်ခုအဖြစ်သတ်မှတ်ခံနေရတဲ့ Oxeye ဒေစီများ

အဖြူရောင်ပွင့်ဖတ်တွေနှင့် အဝါရောင်ပန်းအုံတွေပါဝင်တဲ့ ဒီဒေစီတွေဟာသူတို့ရဲ့ဖြူစင်တဲ့အသွင်အပြင်ကြောင့်လူကြိုက်များတဲ့ဒေစီတစ်မျိုးဖြစ်ပါတယ်။ အမှန်တော့ Oxeye ဒေစီတွေဟာ ဒေစီမိသားစုဝင်ပန်းတွေမဟုတ်ဘဲ ဥရောပနှင့်အာရှတိုက်မျိုးရင်းပန်းပင်တွေဖြစ်ပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင်နှင့်အခြေအနေကိုလိုက်လျောညီထွေနေနိုင်စွမ်းမြင့်မားတာကြောင့် ဘယ်နေရာမှာမဆိုရှင်သန်နိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=465,h=620,q=100/e2/e2b46fae214390ec0252afb8c131e5b8c9690647.png

ဒါကြောင့်တစ်ချို့ဒေသတွေမှာဆိုရင် ဒီဒေစီတွေဟာကျုးကျော်မျိုးစိတ်တစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ ဒီပန်းပွင့်တွေဟာ ပန်းဝတ်မှုန်များပြားတာကြောင့်ပျားနှင့်လိပ်ပြာလိုမျိုးဝတ်မှုန်ကူးတဲ့တိရိစ္ဆာန်တွေအများဆုံးသဘောကျကြတဲ့ ပန်းအမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့ပွင့်ဖတ်တွေကို လက်ဖက်ရည်လိုမျိုးသောက်ဖို့နေရာမှာအသုံးပြုကြပြီးတော့ တိုင်းရင်းဆေးပညာမှာလည်းအသုံးပြုကြပါတယ်။ 

https://s9.kh1.co/__image/w=563,h=374,q=100/83/8386bf772d2ade6e406f69536d5c7102d49814f3.png

ဒါ့အပြင်ဒီဒေစီရဲ့အရွက်တွေဟာ စားလို့ရပြီးတော့ ဆလတ်တွေမှာအသုံးပြုကြလေ့ရှိပါတယ်။ ခါးသက်တဲ့အရသာရှိတဲ့အရွက်တွေဟာကျန်းမာရေးအတွက်လည်းကောင်းမွန်တာကြောင့် ကျန်းမာရေးလိုက်စားသူတွေကြားမှာနာမည်ကြီးပါတယ်။ သူရဲ့အသွင်အပြင်နှင့်ပုံစံတွေကြောင့် Oxeye ဒေစီတွေဟာ ပန်းအလှဆင်တဲ့နေရာနှင့် ဥယျာဥ်ခြံစိုက်ပျိုးမှုတွေမှာနာမည်ကြီးကြပါတယ်။ ထိန်းသိမ်းရလွယ်ကူပြီးလှတာကြောင့် အလှပန်းအဖြစ်အတော်လေးအသုံးပြုကြတဲ့ပန်းဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T