သဘာဝပတ်ဝန်းကျင်အတွက်အရေးပါပေမဲ့ လူတွေသိပ်သတိမထားမိကြတဲ့ Lichen ပင်များ

//s9.kh1.co/f2/f2985b124156530d0f89e5e3f380d5d69d1db01e.jpg
MPT

 ၂၉-ဇွန်-၂၀၂၄ ၉am · လွန်ခဲ့သော ၃ ရက် က

သဘာဝပတ်ဝန်းကျင်အတွက်အရေးပါပေမဲ့ လူတွေသိပ်သတိမထားမိကြတဲ့ Lichen ပင်များ

LIchen ပင်တွေဟာ ရေညှိနှင့် မှိုတို့ပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့သက်ရှိအပင်တစ်မျိုးဖြစ်ပါတယ်။ မတူညီတဲ့အသွင်အပြင်အမျိုးမျိုးရှိတဲ့သူတို့ဟာ အမှန်တော့သဘာဝပတ်ဝန်းကျင်အတွက်အရေးပါတဲ့နေရာမှာရှိပါတယ်။ ဒီအပင်တွေဟာ သဘာဝပတ်ဝန်းကျင်ဒဏ်နှင့်ပြောင်းလဲမှုဒဏ်တွေကိုအတော်လေး ခံနိုင်ရည်ရှိကြပါတယ်။ အစိုစွတ်ဆုံးနေရာတွေမှာသာမက ခြောက်သွေ့လွန်းတဲ့နေရာတွေမှာပါ Lichen ပင်တွေဟာရှင်သန်နိုင်ကြပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/d7/d78b05bf6c6ac29cc42e5c6f9236a0fb95313827.png

ဒီအပင်တွေဟာ သူတို့ပေါက်ရောက်နေတဲ့နေရာဒေသကိုလိုက်ပြီးတော့ အရောင်တွေပုံစံတွေပြောင်းလဲကြတာကြောင့် ပုံစံအတည်တကျမရှိကြပါဘူး။ အရောင်ဟာလည်း အစိမ်းရောင်ကနေ အဝါ မီးခိုးရောင်နှင့် အညိုရောင်အထိအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ဒီအပင်တွေကို ရှေးခေတ်တုန်းကနည်းလမ်းအမျိုးမျိုးနှင့်အသုံးပြုခဲ့ကြပါတယ်။ တိုင်းရင်းဆေးတွေမှာသာမက အစားအစာတစ်ခုအဖြစ်ပါအသုံးပြုခဲ့ကြဖူးပါတယ်။ 

https://s9.kh1.co/__image/w=480,h=640,q=100/5f/5f47b5bc8814f4e611ecd4f0058fe434c3e07dfd.png

ဒီအပင်တွေရဲ့ဒဏ်ခံနိုင်မှုဟာ တစ်ကယ်ကောင်းမွန်လွန်းတာကြောင့် အာကာသလိုနေရာမှာတောင်ရှင်သန်နိုင်ခြေရှိတယ်လို့ယူဆထားကြပါတယ်။ သူတို့ဟာအာကာသမှာအချိန်တစ်ခုအထိခြောက်သွေ့သွားရင်တောင် ကမ္ဘာမြေကိုပြန်ရောက်လာတာနှင့် ပြန်ရှင်သန်လာနိုင်ကြပါတယ်။ သူတို့ဟာသဘာဝတရားရဲ့မျှခြေမှာအရေးပါတဲ့အပင်တွေဖြစ်ပါတယ်။ အင်းဆက်တော်တော်များများရဲ့အစားအစာဖြစ်ပြီးတော့ သဘာဝကိုထိန်းသိမ်းပေးနေတဲ့အပင်တွေဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T