ပစိဖိတ်သမုဒ္ဒရာရဲ့ရွှေရောင်ငှက်လို့လူသိများတဲ့ Kolea ငှက်များ

//s9.kh1.co/c3/c3cc28aca7dbcc6c6ebd954021280c29b211ab1e.jpg
MPT

 ၂၉-ဇွန်-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၃ ရက် က

ပစိဖိတ်သမုဒ္ဒရာရဲ့ရွှေရောင်ငှက်လို့လူသိများတဲ့ Kolea ငှက်များ

ပစိဖိတ် ဟာဝိုင်အီ အလက်စကာနှင့်အာရှတိုက်ရဲ့တစ်ချို့နေရာတွေမှာပဲတွေ့ရတဲ့ ဒီငှက်တွေဟာ ရွှေ့ပြောင်းကမ်းခြေငှက်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ နွေဦးသားပေါက်ချိန်မှာဆိုရင် အာတိတ်သမုဒ္ဒရာကိုသွားပြီးတော့ သားပေါက်ပြီးနောက်မှာမိုင်ပေါင်းများစွာကိုဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာကိုပြန်လာခဲ့ကြတာကြောင့် နာမည်ကြီးကြပါတယ်။ ဒီခရီးဟာအတော်လေးဝေးကွာတာကြောင့် Kolea ငှက်တွေကိုရွှေ့ပြောင်းငှက်တွေအနေနှင့်လူသိများတာပါ။

https://s9.kh1.co/__image/w=556,h=556,q=100/a3/a3d78d81d9d957e86e5b8a58717f292b150fd0d6.png

သူတို့ဟာ ဒီခရီးစဥ်ကြောင့်အပြင် အမွှေးအတောင်တွေကြောင့်လည်းနာမည်ကြီးကြပါတယ်။ ငှက်ထီးတွေဟာ သားပေါက်ချိန်မှာဆိုရင် အနက်ရောင်နှင့်ရွှေရောင်အမွှေးအတောင်တွေရှိပြီးတော့ အမတွေဟာအဖြူနှင့်အညိုရောင်ဖြစ်ပါတယ်။ သားပေါက်ချိန်ပြီးသွားတာနှင့် အမွှေးအတောင်အရောင်တွေဟာ မှိုင်းသွားပြီးတော့နေထိုင်တဲ့ပတ်ဝန်းကျင်မှာ ကိုယ်ယောင်ဖျောက်ဖို့အတွက်အဆင်ပြေသွားစေပါတယ်။ သူတို့ဟာ ကျယ်ပြောရှည်လျားလွန်းတဲ့သမုဒ္ဒရာတွေကိုဖြတ်သန်းပြီးအချိန်ကြာကြာပျံသန်းနိုင်စွမ်းရှိကြတဲ့အပြင် ပိုးကောင်နှင့်အင်းဆက်တွေကိုရှာဖွေတဲ့နေရာမှာလည်းအတော်လေးတော်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/aa/aa7b9624c5dd4be7037ea4fc6b31d7ccab7ea021.png

မိတ်လိုက်ချိန်မှာ အထီးတွေဟာလေပေါ်မှာနည်းလမ်းမျိုးစုံနှင့်ပျံပြပြီးတော့ အမတွေဆီကခွင့်ပြုချက်ကိုတောင်းခံရပါတယ်။ Kolea ငှက်တွေဟာ မိတ်လိုက်ချိန်တစ်ရာသီမှာတစ်ကောင်နှင့်ပဲမိတ်လိုက်ပြီးကလေးတွေကိုလည်းအတူတူပျိုးထောင်တတ်ကြတဲ့ငှက်အမျိုးအစားဖြစ်ပါတယ်။ အသိုက်တွေကိုပတ်ဝန်းကျင်နှင့်တူညီအောင်သေချာဆောက်ပြီးတော့ ငှက်သားပေါက်လေးတွေကိုမိဘနှစ်ပါးလုံးကစောင့်ရှောက်ကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T