ကိုယ်ယောင်ဖျောက်ခြင်းကိုတစ်ဖက်ကမ်းခတ်တော်တယ်လို့နာမည်ကြီးတဲ့ Potoo ငှက်များ

//s9.kh1.co/12/125b5b25b314bd588f4dae7ea2455dbdaf9d2bc7.jpg
MPT

 ၂၈-ဇွန်-၂၀၂၄ ၇pm · လွန်ခဲ့သော ၃ ရက် က

ကိုယ်ယောင်ဖျောက်ခြင်းကိုတစ်ဖက်ကမ်းခတ်တော်တယ်လို့နာမည်ကြီးတဲ့ Potoo ငှက်များ

သစ်ပင်အခေါက် နှင့် သစ်ရွက်ခြောက်လိုမျိုးအရောင်နှင့်တူညီတဲ့အမွှေးအတောင်တွေရှိတဲ့ဒီငှက်တွေဟာ ကိုယ်ယောင်ဖျောက်ကျွမ်းကျင်လွန်းတာကြောင့်နာမည်ကြီးကြပါတယ်။ ဒီငှက်လေးတွေဟာသူတို့နေုထိုင်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တွေနှင့်အရောင်တူကြပြီးတော့ ကြီးမားလျင်မြန်တဲ့မျက်လုံးတွေရှိတာကြောင့် ရန်သူတွေကိုအလွယ်တကူရှောင်ရှားနိုင်ကြပါတယ်။ ညဖက်တွေမှာလည်းကောင်းကောင်းမြင်နိုင်စွမ်းရှိကြပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/43/4333a80cffe03b9a7a0e077ecfe01a70fc15a3db.png

Potoo ငှက်လေးတွေဟာ ပိုးကောင်တွေကိုအဓိကထားစားကြတဲ့ငှက်မျိုးစိတ်တွေဖြစ်ကြပြီးတော့ အမဲလိုက်တဲ့နေရာမှာ စိတ်ရှည်ကြတာကြောင့်နာမည်ကြီးပါတယ်။ သူတို့ဟာတစ်နေရာမှာငြိမ်ငြိမ်လေးစောင့်နေပြီးသားကောင်ဖြစ်သူကိုဖမ်းတတ်ကြတာပါ။ တစ်ခြားငှက်တွေလို အသိုက်မဆောက်ဘဲသစ်ပင်ရဲ့အကိုင်းအခက်တွေကြားမှာပဲနေရာကောင်းရွေးပြီးတော့ ဥဥတတ်ကြပါတယ်။ အမဲလိုက်ဖို့အတွက် ထူးခြားတဲ့အသံတစ်မျိုးထုတ်လွှင့်ကြလေ့ရှိပြီးတော့ တစ်ခြားငှက်မျိုးစိတ်တွေနှင့်မတူအောင်သူတို့အသံတွေကိုခွဲခြားကြပါတယ်။

https://s9.kh1.co/__image/w=564,h=853,q=100/97/974ee41ca3107e6c4b4116797e3604031483312a.jpg

အမေရိကအလယ်ပိုင်းနှင့် တောင်ပိုင်းမှာတွေ့ရတဲ့ဒီငှက်လေးတွေဟာ ရန်သူတွေနှင့်တွေ့ရတဲ့အခါမှာတော့ သစ်ပင်အကိုင်းလိုမျိုးဟန်ဆောင်တတ်ကြပါတယ်။ သူတို့ဟာအတောင်ပံတွေတိုနေတာကြောင့် တစ်ခြားငှက်တွေလိုမျိုး ရန်သူကိုခုခံတဲ့နေရာမှာမတော်ကြပါဘူး။ ဒါ့အပြင် မိတ်လိုက်ရာသီကလွဲရင် သူတို့ဟာအဖွဲ့လိုက်အတွဲလိုက်မတွေ့ရဘဲ တစ်ကောင်တည်းသီးခြားနေရတာကိုပိုသဘောကျကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T