အမေရိကရဲ့ ခရီးသွားဧည့်သည်တွေကိုအဆွဲဆောင်ဆုံးအနီရောင်မြစ်

//s9.kh1.co/39/3901735b389abd407d4fcf1ba79d149d9e02cf91.jpg
MPT

 ၂၆-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၃ ရက် က

အမေရိကရဲ့ ခရီးသွားဧည့်သည်တွေကိုအဆွဲဆောင်ဆုံးအနီရောင်မြစ်

တစ်စုံတစ်ရာပြုပြင်ထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်းအနီရောင်ဖြစ်နေတဲ့ ဒီအနီရောင်မြစ်ဟာ အမေရိကရဲ့နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။ The Red River လို့နာမည်ပေးထားတဲ့ဒီမြစ်ဟာ မြစ်ရေအောက်ခြေမှာရှိတဲ့ အနီရောင်ရွှံစေးနှင့်နုန်းမြေတွေကြောင့်အခုလိုမျိုးအနီရောင်အဖြစ်လုံးလုံးပြောင်းလဲသွားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=540,h=360,q=100/5d/5d29d6cae27e8c7d17ed3223a2f70dab2186d67d.jpg

တက်ဆက်စ်ပြည်နယ်နှင့် အိုလဟိုးမားပြည်နယ်နှစ်နေရာကို ဖြတ်သန်းသွားတဲ့ဒီမြစ်ဟာ သူဖြတ်သန်းရာဒေသတွေအတွက်အတော်လေးအရေးပါတဲ့မြစ်ဖြစ်ပါတယ်။ အကြောင်းကတော့ မြစ်ရေစီးကြောင်းဟာ တောင်တန်းရေမြေအနေအထားကိုပြုပြင်ပေးတဲ့အပြင် နောက်ပိုင်းမှာဆိုရင် ခရီးသွားဧည့်သည်တွေကိုပါဆွဲဆောင်ပေးလာတာကြောင့်ဖြစ်ပါတယ်။  ဒါ့အပြင် အမေရိကရဲ့အထင်ကရစစ်ပွဲတွေကိုလည်း ဒီအနီရောင်မြစ်ကမ်းပါးတစ်လျှောက်မှာတိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

https://s9.kh1.co/__image/w=500,h=330,q=100/6f/6f23015a28002e0053c08cc035999b6ba9933f30.jpg

မိုင်ပေါင်း ၁၂၀၀ ကျော်ဖြတ်သန်းစီးဆင်းတဲ့ဒီမြစ်ဟာ ဒေသခံတွေအတွက်စိုက်ပျိုးရေးမှာအဓိကအရေးပါတဲ့မြစ်တစ်စင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီမြစ်ဟာမြစ်အနားတစ်ဝိုက်မှာကျက်စားတဲ့ငှက်နှင့်တစ်ခြားတိရိစ္ဆာန်တွေအတွက် အရေးပါတာကြောင့် အနားတဝိုက်က Ecosystem ကိုမျှခြေညီအောင်ထိန်းပေးနေတဲ့မြစ်လည်းဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T