Suzy
ဆုပေးပွဲတွေမှာ တွေ့ရခဲတဲ့အပန်းရောင်ကိုလှလှလေးဝတ်လာတဲ့ ဆူဇီဟာ ကော်ဇော်နီထက်မှာ အများကြီးတောက်ပနေခဲ့တာဖြစ်ပါတယ်။
Kim Go Eun
ပွဲတက် Dress နှင့်မတူဘဲ ရိုးရှင်းပေမဲ့ ကျော့ရှင်းနေတဲ့အနက်ရောင်ဂါဝန်နှင့် မင်းသမီးကင်ဂိုအန်ရဲ့ဖက်ရှင်ဟာလည်း အတော်လေးလူပြောများသွားခဲ့ပါတယ်။
Go Youn Jung
ချစ်စရာကောင်းတဲ့ ဒစ်စနေးမင်းသမီးလေးလိုမျိုး အနက်ရောင်ဂါဝန်ပေါ်မှာ အပြာရောင်ပန်းပွင့်လေးတွေနှင့်အလှဆင်ထားတဲ့ ဂါဝန်ကိုဝတ်ဆင်ထားတဲ့မင်းသမီးလေး ဂိုယွန်ဂျောင်ဟာလည်း ဆုပေးပွဲရဲ့အလှဆုံးမင်းသမီးလေးဖြစ်ပါတယ်။
Bibi
မီးခိုးရောင် ဂါဝန်အရှည်ပေါ်မှာ လိပ်ပြာလေးတွေပျံဝဲနေဟန်အလှဆင်ထားတဲ့ Bibi ရဲ့ဝတ်စုံဟာလည်း အလှဆုံးဝတ်စုံတစ်ခုပဲဖြစ်ပါတယ်။
Lim Ji Yeon
ရွှေရောင်ဂါဝန်နှင့် ကော်ဇော်နီထက်မှာအလှကြီးလှနေခဲ့တာကတော့ မင်းသမီးလင်းဂျီယွန်ပဲဖြစ်ပါတယ်။ ဒီဂါဝန်ဟာသူမနှင့်အတော်လေးလိုက်ဖက်တဲ့အပြင် ဆုပေးပွဲတွေမှာဝတ်ကြလေ့မရှိတဲ့အရောင်ဖြစ်တာကြောင့် ထင်းပြီးတောက်ပနေပါတယ်။