တောင်ကိုးရီးယားဖျော်ဖြေရေးလောကရဲ့ နာမည်အကြီးဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့ Baeksang Arts Award ဟာမကြာခင်မှာကျင်းပတော့မှာဖြစ်ပါတယ်။ ၂၀၂၃ ဟာဇာတ်ကားကောင်းတွေအများကြီးထွက်ခဲ့တဲ့နှစ်ဖြစ်တာကြောင့် ဆုစာရင်းဟာ အတော်လေးကိုနေရာကြပ်နေပြီး ဆန်ကာတင်စာရင်းတွေတောင်မှ ကြပ်နေတာဖြစ်ပါတယ်။

ဇာတ်ကားအများစုဟာ အနုပညာပိုင်းအရသာမက လူထုကြားမှာပါ အကြီးအကျယ်အောင်မြင်ခဲ့တာကြောင့် ဘယ်သူတွေဆန်ကာတင်စာရင်းမှာပါဝင်နေတယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်။ အမျိုးသားဇာတ်ဆောင်ဆုကိုတော့ Kim So Hyun (Queen of Tears) Im Siwan (Boyhood) Nam Koong Min(My Dearest) Ryu Seung Ryung (Moving) Yoo Yeon Seok ( A Bloody Lucky Day) တို့က ဆန်ကာတင်ပါဝင်လာပါတယ်။ ခန့်မှန်းသူတွေရဲ့ပြောကြားချက်အရတော့ My Dearest ရဲ့အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Nam Koong Min ကဆုကိုရသွားနိုင်ခြေရှိတယ်လို့ ဆိုကြပါတယ်။

အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Ra Mi Ram ( The Good Bad Mother) Ahn Eun Jin ( My Dearest) Uhm Jung Hwa (Doctor Cha) Lee Honey (Knight Flower) Lim Jiyeon( Lies Hidden in my Garden) တို့ကဆန်ကာတင်ပါထားပါတယ်။ ပရိတ်သတ်တွေမျှော်လင့်နေကြတဲ့ မင်းသမီးတွေဖြစ်တဲ့ မင်းသမီးကင်ဂျီဝန်း ပတ်မင်ယောင်းနှင့် ကင်ထယ်ရီတို့ကတော့ ဆန်ကာတင်စာရင်းမှာပါဝင်လာခြင်းမရှိပါဘူး။
