Zico ရဲ့ သီချင်းဗီဒီယိုမှာ Featuring ပါဝင်သွားမယ့် ဂျင်းနီ

//s9.kh1.co/4f/4f717702c71b1ceeb01647e4c218f1ea5dc04e3b.jpg
အနုပညာရှင်များ

 ၀၄-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

Zico ရဲ့ သီချင်းဗီဒီယိုမှာ Featuring ပါဝင်သွားမယ့် ဂျင်းနီ

ဂျင်းနီဟာ တစ်ကိုယ်တော်အဆိုတော်ဖြစ်တဲ့ ဇီကိုရဲ့ ပွဲဦးထွက်ဆယ်နှစ်ပြည့်အယ်လ်ဘမ်မှာ ပါဝင်သွားမှာဖြစ်ပါတယ်။ မီဒီယာတွေရဲ့ စုံစမ်းချက်အရ ဂျင်းနီဟာသီချင်းဆိုတဲ့နေရာမှာပါဝင်ရုံတင်မကဘဲ သီချင်းဗီဒီယိုမှာပါ ပါဝင်ရိုက်ကူးထားတယ်လို့သိရပါတယ်။ 

https://s9.kh1.co/__image/w=564,h=875,q=100/30/30d4d5d8ddd7da6b3517631d48bb497e1d8f9e88.jpg

ဂျင်းနီနှင့်ဇီကိုတို့ဟာ ပရိတ်သတ်တွေရှေ့မှာ အတူတွဲတွေ့ဖူးတာမျိုးမရှိပေမဲ့ အတော်လေးခင်မင်နေတဲ့သူငယ်ချင်းတွေဖြစ်တယ်လို့သိရပါတယ်။ သီချင်းအသစ်ထုတ်ဖို့အတွက် ဇီကိုဟာဂျင်းနီကိုအတူလုပ်ဆောင်ဖို့တောင်းဆိုခဲ့တာဖြစ်ပြီး ဂျင်းနီကိုယ်တိုင်ကလည်းတောင်းဆိုချက်ကိုချက်ချင်းပဲလက်ခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ နှစ်ယောက်သားဟာ မကြာသေးခင်က Chanel ရဲ့ပွဲတစ်ခုမှာလည်း တွေ့ခဲ့ကြပါသေးတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/4c/4c82150456907cf45355ad0236e3c0feb4ec556d.jpg

လက်ရှိအချိန် ဂျင်းနီဟာတစ်ကိုယ်တော်အယ်လ်ဘမ်ကိုပြင်ဆင်နေတာဖြစ်ပြီးတော့ တစ်ခြားတစ်ကိုယ်တော်အလုပ်တွေကိုလည်း အများကြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ BlackPink အဖွဲ့အနေနှင့်လည်း Comeback လုပ်ဖို့ကြေညာထားတာကြောင့် ဂျင်းနီအတွက်တော့အတော်လေးအလုပ်များနေမယ့်အချိန်ဖြစ်ပါတယ်။ ဂျင်းနီဟာ ပွဲဦးမထွက်ခင်တုန်းက ကုမ္မဏီတူစီနီယာဖြစ်တဲ့  G Dragon ရဲ့သီချင်းမှာလည်း ပါဝင်သီဆိုခဲ့ဖူးပါတယ်။ 

https://s9.kh1.co/__image/w=564,h=783,q=100/ce/ce4899d508dec90984e8abe6eba6b8de52b8ed58.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T