Dating Scandal ထွက်လာရင်ဝေဖန်မှုအများဆုံးခံရနိုင်ခြေရှိနေတဲ့ အိုင်ဒေါများ

//s9.kh1.co/fd/fdbc4ce819573d6888f0858240781925a0a0ea03.jpg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၄ လ က

Dating Scandal ထွက်လာရင်ဝေဖန်မှုအများဆုံးခံရနိုင်ခြေရှိနေတဲ့ အိုင်ဒေါများ

1. Wonyoung (IVE)

ပြည့်စုံတဲ့အိုင်ဒေါတစ်ယောက်အဖြစ် သတ်မှတ်ခံရတဲ့ ဝူးယောင်းအနေနှင့် တစ်ကယ်လို့ဒိတ်တင်းသတင်းထွက်လာရင် ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကို အတော်လေးခံရနိုင်ပါတယ်။ သတင်းထွက်တဲ့ တစ်ဖက်လူကိုယ်တိုင်လည်း အများကြီးဝေဖန်ခံရနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/7b/7b3512eec6e9c0cd543312f1ef94735739abc7b8.webp

2. Chaewon (LE SSERAFIM)

အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့ ပရိတ်သတ်အင်အားတောင့်တဲ့အိုင်ဒေါတစ်ယောက်အနေနှင့် ချယ်ဝန်းဟာလည်း ဒိတ်တင်းသတင်းထွက်လာရင် ကောင်းမွန်တဲ့အကျိုးရှိမှာမဟုတ်ပါဘူး။ အထူးသဖြင့် Lesserafim အဖွဲ့ရဲ့အောင်မြင်မှုဆက်တိုက်ရနေချိန်ဖြစ်တာကြောင့် ဒိတ်တင်းသတင်းဟာ အဖွဲ့ကိုပါသက်ရောက်သွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/86/86d035dc57710c696b7b65f716594d2d347ff3ed.webp

3. Winter (aespa)

https://s9.kh1.co/__image/w=650,h=812,q=100/66/669d6c4ebbf8da2676c60e62460fa2957b930420.webp

အိုင်ဒေါလောကရဲ့ သက်ရှိဘာဘီတစ်ယောက်ဖြစြ် သတ်မှတ်ထားတဲ့ ဝင်းတားဟာလည်း ဒိတ်တင်းသတင်းထွက်လာရင် အတော်လေးဝေဖန်ခံရမယ့်သူဖြစ်ပါတယ်။ အဖွဲ့အတူတူဖြစ်တဲ့ ကရီနာတောင်မှ ဒိတ်တင်းသတင်းကြောင့် အချိန်တစ်ခုကြာဝေဖန်ခံခဲ့ရတာပါ။ 

4. Haerin (NewJeans)

လက်ရှိအအောင်မြင်ဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်နေတဲ့ အဖွဲ့ရဲ့ဟေရင်းဟာလည်း တစ်ကယ်လို့ဒိတ်တင်းသတင်းထွက်လာရင် အတော်လေးဝေဖန်ခံနေရမှာပါ။ အသက်ငယ်သေးတာအပြင် ပွဲဦးထွက်သက်တမ်းမကြာသေးတာ ပရိတ်သတ်အင်အားတောင့်တာတွေကြောင့် ဒိတ်တင်းသတင်းကိုလက်မခံနိုင်တဲ့ ပရိတ်သတ်တွေအတော်လေးများနေမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/b6/b632ddd3f9dc57f4326db87620a8301155bf1b31.webp

5. An Yujin (IVE)

Girl Crush လို့တင်စားကြတဲ့ IVE အဖွဲ့ခေါင်းဆောင် အန်ယူဂျင်းဟာလည်း အမျိုးသမီးပရိတ်သတ်တွေသာမက အမျိုးသားပရိတ်သတ်တွေပါ အများကြီးရှိနေတဲ့သူပါ။ သူ့အနေနှင့် ဒိတ်တင်းသတင်းထွက်လာမယ်ဆိုရင် တစ်ခြားအိုင်ဒေါတွေထက် ပိုပြီးတော့ ဝေဖန်မှုခံရနိုင်ခြေရှိပါတယ်။

https://s9.kh1.co/__image/w=650,h=812,q=100/eb/eb04d200145ba86bf74c49cd5fdeba3e89de4818.webp

6. Cha Eunwoo (ASTRO)

အိုင်ဒေါတစ်ယောက်အနေနှင့်သာမက မင်းသားတစ်ယောက်အနေနှင့်ပါ အောင်မြင်နေတဲ့ ချာအန်ဝူးဟာလည်း ချောမောတဲ့ရုပ်ရည်သွင်ပြင်ကြောင့်နာမည်ကြီးပါတယ်။ သူ့အနေနှင့် အမျိုးသမီးပရိတ်သတ်အများကြီးရှိတာကြောင့် တစ်ကယ်လို့ဒိတ်တင်းသတင်းထွက်လာရင် အတော်လေးဝေဖန်ခံရနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=812,q=100/d3/d30d0faf8f1659a67c1424014887d86d449ffd50.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T