တွဲပြီး ငါးပတ်အကြာမှာလမ်းခွဲလိုက်ကြပြီဖြစ်တဲ့ ကရီနာနှင့်လီဂျယ်ဝု

//s9.kh1.co/fc/fca8ce3935f769f9ced03328618ea91a0672a588.jpg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၄ လ က

တွဲပြီး ငါးပတ်အကြာမှာလမ်းခွဲလိုက်ကြပြီဖြစ်တဲ့ ကရီနာနှင့်လီဂျယ်ဝု

မင်းသား လီဂျယ်ဝုနှင့် ကရီနာတို့ဟာ ချစ်သူဖြစ်နေကြောင်းကြေညာပြီး ငါးပတ်အကြာမှာတော့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မီလန်ဖက်ရှင်ရှိုးမှာ စတင်တွေ့ဆုံကြပြီးတော့ မြင်မြင်ချင်းအချစ်ဖြစ်ခဲ့တဲ့ နှစ်ယောက်သားဟာ တွဲတဲ့သတင်းထွက်လာကတည်းက ဝေဖန်မှုတွေပဲဆက်တိုက်ကြုံနေခဲ့ရတာပါ။

https://s9.kh1.co/__image/w=650,h=976,q=100/98/98a3460983b3e1d723c1966c125eff54e753960c.jpg

အထူးသဖြင့် အိုင်ဒေါတစ်ယောက်ဖြစ်တဲ့ ကရီနာဟာ ချစ်သူထားလိုက်တာကြောင့် ပရိတ်သတ်တွေရဲ့ဆန္ဒပြတာတွေအထိပါ ခံယူခဲ့ရပါတယ်။ ကုမ္မဏီရှေ့မှာ ကားတွေနှင့်ဆန္ဒပြတာတွေအပြင် အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာပါ မပါဝင်ဖို့တောင်းဆိုခံခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း အင်စတာဂရမ်မှာ လက်ရေးစာနှင့်တောင်းပန်စာတင်ခဲ့ရတဲ့အထိ ပြဿနာတွေကြီးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=697,q=100/80/802dc0faa186a5194be6762b4e9af644ecb84e4e.jpg

မင်းသားလီဂျယ်ဝုဟာလည်း ဒိတ်တင်းသတင်းကြောင့် လက်ရှိပြသနေတဲ့ဒရာမာကို သက်ရောက်မှုတွေရှိခဲ့ပါတယ်။ လမ်းခွဲရတဲ့အကြောင်းရင်းကိုတော့ ဆိုးဝါးတဲ့မှတ်ချက်စကားတွေနှင့် ပရိတ်သတ်တွေအပေါ်ထားတဲ့ အားနာမှုတွေကြောင့်လို့ဖြေကြားထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/4e/4e5587d4da0301d3d67b4eec5a6bf1bd920ddfd1.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T