Aespa နှင့် Lesserafim တို့လိုမျိုး မိန်းကလေးအိုင်ဒေါအဖွဲ့တွေကို ကျော်ပြီးအမျိုးသားတွေသဘောအကျဆုံးနံပါတ်တစ်ဖြစ်ခဲ့သူ

//s9.kh1.co/09/09e2518cd0f442327b213f60a6e5c0730c6b4020.jpg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၄ လ က

Aespa နှင့် Lesserafim တို့လိုမျိုး မိန်းကလေးအိုင်ဒေါအဖွဲ့တွေကို ကျော်ပြီးအမျိုးသားတွေသဘောအကျဆုံးနံပါတ်တစ်ဖြစ်ခဲ့သူ

Aespa နှင့် Lesserafim တို့ဟာ လက်ရှိအချိန်မှာ နာမည်အကြီးဆုံးနှင့်ရေပန်းအစားဆုံးမိန်းကလေးအိုင်ဒေါအဖွဲ့တွေဖြစ်ပါတယ်။ နှစ်ဖွဲ့လုံးဟာငယ်ရွယ်တဲ့ကောင်မလေးတွေနှင့် လန်းဆန်းတဲ့ပုံစံလေးတွေပိုင်ဆိုင်ထားတာကြောင့် အမျိုးသားပရိတ်သတ်အများအပြားပါပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ စစ်တမ်းတစ်ခုကောက်ယူတဲ့အချိန် တပ်တွင်းကအမျိုးသားတွေရဲ့ သဘောအကျဆုံးနံပါတ်တစ်ကတော့ သူတို့မဟုတ်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=520,q=100/6a/6a91f6c4b9f7ea2d9b71d76a25f59675c98ce27b.webp

စစ်တမ်းအရ Lesserafim ဟာ ၁၀ ရာခိုင်နှုန်းမဲရပြီးတော့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ Aespa အဖွဲ့ကလည်း ၈ ရာခိုင်နှုန်းနှင့် တတိယနေရာမှာရပ်တည်နေပြီးတော့ ပထမနေရာကိုတော့ ၁၅ ရာခိုင်နှုန်းနှင့် နာမည်ကြီးစားဖိုမှုး ပတ်ဂျုံးဝန်းက ရသွားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/d9/d95be81a96297695a91f88944ffc9a8ea46d162d.webp

စားဖိုမှုး ပတ်ဂျုံးဝန်းဟာ တောင်ကိုးရီးယားနိုင်ငံရဲ့နာမည်ကြီးစားဖိုမှူးတစ်ယောက်ဖြစ်ပြီးတော့ နာမည်ကြီးဆိုင်ခွဲတွေအများကြီးကိုဖွင့်ထားတဲ့သူဖြစ်ပါတယ်။ တီဗီအစီအစဥ်တွေမှာလည်း အများကြီးပါဝင်နေတဲ့သူဖြစ်တဲ့ ပတ်ဂျုံးဝန်းဟာ တစ်ခြားအမျိုးသမီးအိုင်ဒေါအဖွဲ့တွေကို ကျော်ပြီးတော့ တပ်သားတွေအတွေ့ချင်ဆုံးသူအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=577,q=100/10/1048d85e9d903e71e572b74e3087095b9afa86d8.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T