Marry My Husband ဒရာမာမှာ အဓိကဗီလိန်နေရာကနေပါဝင်ခဲ့ပြီးတော့ နာမည်ကြီးလာခဲ့တဲ့ မင်းသမီး ဆောင်းဟယွန်းဟာ ကျောင်းတွင်းအကြမ်းဖက်မှုလုပ်ခဲ့တယ်ဆိုပြီးစွပ်စွဲခံနေရတာဖြစ်ပါတယ်။ မင်းသမီးဟာ ဒီဒရာမာနှင့်အတော်လေးအောင်မြင်သွားပြီးတော့ ရသစုံရှိုးတွေအများကြီးရိုက်ကူးနေရတာဖြစ်ပါတယ်။
သူမဟာ အထက်တန်းကျောင်းတတိယနှစ်တက်နေချိန်မှာ ဒုတိယနှစ်တက်နေသူဖြစ်တဲ့ကျောင်းသူတစ်ယောက်ကိုအနိုင်ကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နစ်နာသူရဲ့အပြောအရ ဆောင်းဟယွန်းဟာ သူမကိုကစားကွင်းဘေးနားတစ်နေရာမှာ မိနစ်ကိုးဆယ်ကြာအောင် ပါးရိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုလည်း ပြောပြခဲ့ခြင်းမရှိဘဲ အကြောင်းအရင်းမရှိအနိုင်ကျင့်ခဲ့တယ်လို့ပြောထားပါတယ်။
ဆောင်းဟယွန်းဖက်ကို အစောပိုင်းဆက်သွယ်ခဲ့ပေမဲ့ အေဂျင်စီကနေပြီး အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ဆောင်းဟယွန်းကိုယ်တိုင်ကလည်း ဒီအကြောင်းအရာကို မှတ်မိတာမျိုးမရှိတော့ဘူးလို့ပဲ ဖြေခဲ့တယ်လို့သိရပါတယ်။ လက်ရှိနစ်နာသူဟာ အမေရိကမှာနေထိုင်နေတာဖြစ်ပြီးတော့ ဆောင်းဟယွန်းနှင့်တိုက်ရိုက်တွေ့ဖို့အတွက် ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။