အငွေ့များ အဆက်မပြတ်ထွက်နေ‌တဲ့ Dominicaက ဆူပွတ်ရေကန်

//s9.kh1.co/a6/a65ad0b3b31a64d9390dbcf3d2336021973705a8.jpg
MPT

 ၂၉-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်လ က

အငွေ့များ အဆက်မပြတ်ထွက်နေ‌တဲ့ Dominicaက ဆူပွတ်ရေကန်

ဆူပွတ်နေသောရေကန်သည် Dominica ကျွန်းပေါ်တွင်ရှိသော Morne Trois Pitons အမျိုးသားဥယျာဉ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ပေ 200 မှ 250 ခန့် ( ၆၀ - ၇၅ မီတာ ) ကျယ်ဝန်းပြိး Frying Pan Lake ပြီးရင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ရေကန်ကြီးပဲ ဖြစ်ပါတယ်။ ရေကန်ကို Dominica တွင် အလုပ်လုပ်နေတဲ့ အင်္ဂလိပ်လူမျိုးနှစ်ဦးက ၁၈၇၀ ခုနှစ်တွင် စတင် တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/8d/8d1613fb86eb44782a51891fc1a609bf731665c6.jpg

ရေကန်သည် ကြီးမားသောမီးတောင်ပေါက်တွင်းကြီးထဲတွင် တည်ရှိတယ်လို့ ယူဆရပြီး ၂၀၀၄ နှင့် ၂၀၀၅ မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် ကန်အနက် ၃၃ ပေ ( ၁၀ မီတာ ) ထိ နိမ့်ကျသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကန်ရေတဖြည်းဖြည်း ပြန်မြင့်တက်လာပြီး ‌အငွေ့များလည်း အဆက်မပြတ်ထွက်လာကာ Boiling lake ဆိုပြီး ဖြစ်လာပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/9f/9f0cd19e7cb66425522dda4f29e6c32a0f93c24a.jpg

ကန်ကြီးသို့ တိုက်ရိုက်သွားလို့ရမဲ့ လမ်း‌မရှိသေးတာကြောင့် ရေကန်နဲ့ အနီးဆုံးလမ်းကြား ၈ မိုင် ( ၁၃ ကီလိုမီတာ ) ရှိသော တောင်တက်ခရီးဖြင့် ရောက်နိုင်ပါတယ်။ မီးတောင်ငွေ့များ ရုတ်တရက် အဆက်မပြတ် ထွက်လာခြင်းကြောင့် ၁၉၀၀ ပြည့်နှစ်ပိုင်းတွင် တောင်တက်လူငယ်အဖွဲ့ဝင်နှစ်ဦးတို့ အသက်ရှုကြပ်သေဆုံးခဲ့ရဖူးပါတယ်။ ဒါကြောင့် ထူးခြားတဲ့အငွေ့များပြည့်နေတဲ့ ဒီရေကန်ဟာ လှပပေမဲ့ အန္တာရာယ်များသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာလေးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T