ချိတ်ကောက်ပုံ ဦးချို နဲ့ ဥရောပက ဆိတ်မျိုးစိတ်

//s9.kh1.co/b4/b47410dc097a9277eeff2366388fab6ef9124efc.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၆ ရက် က

ချိတ်ကောက်ပုံ ဦးချို နဲ့ ဥရောပက ဆိတ်မျိုးစိတ်

သိပ္ပံနာမည် Rupicapra လို့ခေါ်တဲ့ chamois ဆိတ်တွေဟာ သေးငယ်တဲ့ ဆိတ်မျိုးစိတ်ဝင်တစ်မျိုးဖြစ်ပြီး ဥရောပတောင်တန်းဒေသတွေမှာ ပေါက်ဖွားတဲ့ ဆိတ်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ တူရကီအရှေ့မြောက်တောင်တန်းများ နယူးဇီလန်ရဲ့ တောင်ကျွန်းတွေမှာလည်း ကျယ်ပြန့်စွာ တွေ့ရတဲ့ ချာမိုဆိတ်တို့ဟာ သွက်လက်ပြီး အပြေးမြန်တဲ့ ချစ်စရာ ဆိတ်လေးတွေပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး ချာမိုဆိတ်အထီးတစ်ကောင်ဟာ ၇၀ မှ ၈၀ စင်တီမီတာ ( ၂၈ - ၃၁ လက်မ ) ရှိပြီး ကိုယ်အလေးချိန်မှာ ၃၀ မှ ၆၀ ကီလိုဂရမ် ( ၅၆ ပေါင် မှ ၁၃၂ ပေါင် ) ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/97/97fbf735751795c89fb97e399736ae974f43612c.jpg

ချာမိုဆိတ်အမတွေရဲ့ ကိုယ်အလေးချိန်မှာ ၂၅ မှ ၄၅ ကီလိုဂရမ် ( ၅၅ ပေါင် မှ ၉၉ ပေါင် ) အလေးချိန် ရှိကြပြီး အထီးများထက် အကောင်အရွယ်အစား ပိုသေးကြပါတယ်။ နွေရာသီမှာ ချာမိုဆိတ်တို့ရဲ့ အမွေးများဟု အညိုရင့်ရောင် ရှိပြီး ဆောင်းရာသီမှာတော့ မီးခိုးရောင်ဖျော့ဖျော့ ကို ပြောင်းလဲသွားတတ်ပါတယ်။ chamois ဆိတ်အထီး နဲ့ အမ နှစ်မျိုးစလုံးမှာ ဦးချိုများ ပါရှိပြီး ထူးထူးခြားခြား ဦးချိုတို့မှာ အဖျားတွင် နောက်ပြန်ကောက်နေ‌တဲ့ ချိတ်ကောက်ပုံသဏ္ဍာန် တိုတိဖြောင့်ဖြောင့် ဦးချို ပါရှိပြီး ချာမိုဆိတ်အထီးတို့ရဲ့ ဦးချိုမှာ ပိုကြီး ပိုထူတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b1/b11dfc4fcfb5aea2a70d7dcfbba559fb51e804ce.jpg

မျက်လုံးရဲ့အောက်က အမဲရောင်အစင်းကြောင်း ၊ တြိဂံပုံ ချွန်တိတိ နားရွက် ၊ နောက်ကျောတစ်လျှောက် အလယ်က အနက်ရောင် အစင်းကြောင်း ၊ ချိတ်ကောက်ပြောင်းပြန်ပုံ ဦးချိုတို့ကြောင့် လူသိများထင်ရှားပြီး ချာမိုဆိတ်တို့ရဲ့ အသားဟာ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အရသာ ရှိတာကြောင့် စနစ်တကျ မွေးမြူကြပါတယ်။ ပျမ်းမျှ ဘဝသက်တမ်းမှာ ၁၅ နှစ် မှ ၁၇ နှစ်အထိ ရှင်သန်နိုင်ကြပြီး စနစ်တကျ မွေးမြူခဲ့တဲ့ ချာမိုတစ်ကောင်ကတော့ အသက် ၂၂ နှစ်အထိ ရှင်သန်နိုင်ခဲ့ပါတယ်။ ထူးခြားပြီး လှပတဲ့ ချာမိုဆိတ်လေးတွေကို ဥရောပ နဲ့ နယူးဇီလန်အစိုးရအသင်းတို့က တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုဖို့ တားမြစ်ထားကြပြီး စနစ်တကျ မွေးမြူမှုတွေကြောင့် မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိသေးဘူးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/7b/7b1cd96a314ec8c15087ed8acd1a770fc1f1b1e0.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T