ပင်လယ်ကမ်းခြေတွေမှာ အတွေ့ရများတဲ့ Sea Cucumber

//s9.kh1.co/11/115cd6c63085638af91cfd5a8c1a8a3049407fd5.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၆ ရက် က

ပင်လယ်ကမ်းခြေတွေမှာ အတွေ့ရများတဲ့ Sea Cucumber

ပင်လယ်မျှော့လို့အလွယ်ခေါ်ကြတဲ့ ဒီ ပင်လယ်သခွားသီးကောင်တွေဟာ ပင်လယ်ကြမ်းပြင်မှာရှင်သန်ကျက်စားကြတဲ့ရေသတ္တဝါလေးတွေဖြစ်ပါတယ်။ သူတို့ဟာ အရောင်မျိုးစုံ အရွယ်အစားမျိုးစုံရှိပြီးတော့ တစ်ခြားရေနေအကောင်တွေဖြစ်တဲ့ ကြယ်ငါး ပင်လယ်မှော်ကောင်တွေနှင့်တူညီတဲ့မျိုးစိတ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=318,q=100/c5/c56ead6ce4ab080575d47f7b0618f06c0e98ae1e.jpg

 သူတို့တွေဟာ စအိုပေါက်ကနေတစ်ဆင့်အသက်ရှုကြပြီးတော့ သူတို့ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကနေတစ်ဆင့် ပင်လယ်ကြမ်းပြင်အတွက်အရေးပါတဲ့အနယ်တွေကိုပြန်စွန့်ထုတ်ပေးကြပါတယ်။ ဒီအနယ်တွေဟာ ပင်လယ်အတွက်အရေးကြီးတဲ့အရာဖြစ်ပြီး ပင်လယ်ရဲ့ဇီဝကမ္မဖြစ်စဥ်မှာ အရေးပါတဲ့နေရာကနေပါဝင်နေပါတယ်။ ကျောက်တုံးကျောက်ဆောင်ပေါများတဲ့ ရေတိမ်ကမ်းခြေနားတစ်ဝိုက်သာမက ပင်လယ်နက်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့်နေထိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=423,q=100/b0/b04ea761b96bac1acc3627f0c85f6d53add30675.jpg

ပင်လယ်သခွားသီးကောင်လေးတွေဟာ စားလို့ရတဲ့အကောင်အမျိုးအစားဖြစ်ပါတယ်။ အထီးအမရှိပေမဲ့ အပြင်ပိုင်းကနေခွဲခြားဖို့ခက်ခဲပြီးတော့ ပုံစံအတူတူပဲဖြစ်နေတတ်ပါတယ်။ သူတို့ဟာ အန္တာရာယ်ရှိတယ်လို့ခံစားရချိန်မှာ ခန္ဓာကိုယ်အတွင်းက အမျှင်အဖြူရောင်တွေထုတ်ပြီးတော့ သူတို့ကိုယ်သူတို့ကာကွယ်တတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=423,q=100/bb/bb1ff043f9d7536bf471ed28df49fb305406c850.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T