ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံးနေထိုင်ခဲ့ကြတဲ့အင်းဆက်မျိုးစိတ်သုံးမျိုး

//s9.kh1.co/d5/d58726d34870144747ca3f0323441c0123c1bfc7.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၇ ရက် က

ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံးနေထိုင်ခဲ့ကြတဲ့အင်းဆက်မျိုးစိတ်သုံးမျိုး

ကမ္ဘာ့သက်တမ်းတစ်လျှောက်မှာ အကောင်မျိုးစိတ်တွေအများကြီးဟာပျောက်ကွယ်မျိုးသုဥ်းသွားခဲ့ပါတယ်။ ဒိုင်နိုဆောလိုမျိုးအကောင်ကြီးတွေဟာ စောစောစီးစီးပဲပျောက်ကွယ်သွားပြီးတော့ အင်းဆက်လိုမျိုးအကောင်တွေကပဲအခုချိန်အထိရှင်သန်ကျန်ရစ်နေနိုင်ကြတာပါ။ ကမ္ဘာ့သက်တမ်းနှင့်အပြိုင် အကြာဆုံးရှင်သန်ခဲ့တဲ့ အင်းဆက်မျိုးစိတ်သုံးမျိုးအကြောင်းကိုဖော်ပြပေးသွားပါမယ်။

(၁) Mites

ဒီပိုးကောင်လေးဟာ တည်ရှိလာတာ သက်တမ်းပေါင်း ၅၇၀ မီလီယံတောင်ရှိနေပြီဖြစ်ပါတယ်။ ဒီပိုးကောင်လေးတွေဟာ အမှန်တော့အင်းဆက်မဟုတ်ဘဲ ကပ်ပါးကောင်အမျိုးအစားဖြစ်ပါတယ်။ အပင်တွေပေါ်မှာနေထိုင်ကြပြီးတော့ အပင်တွေကိုဖျက်စီးတတ်ကြပါတယ်။ သေးလွန်းတာကြောင့် သာမာန်မျက်စိနှင့်တွေ့ဖို့ခက်ခဲပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/d8/d83757c750965713e2707a73838d1cc0a80a24b7.jpg

(၂) Spiders

လူသိများတဲ့အင်းဆက်တစ်မျိုးဖြစ်တဲ့ ပင့်ကူတွေဟာလည်း နှစ်ပေါင်း ၅၀၀ မီလီယမ်ရှင်သန်ခဲ့ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ အရင်ကတည်းတည်ရှိနေတဲ့ မျိုးစိတ်ဖြစ်တာကြောင့် မျိုးစိတ်ကွဲတွေလည်းအများကြီးရှိနေပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/12/1292201acc8da8ae731ddfc77f989729b565f7c5.jpg

(၃) Dragonflies

ပုစဥ်းတွေဟာလည်းပဲ ကမ္ဘာပေါ်မှာတည်ရှိလာတာ နှစ်ပေါင်း ၄၀၀ မီလီယံလောက်ရှိနေပြီဖြစ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ ပုစဥ်းတွေဟာ တစ်နာရီကိုမိုင်သုံးဆယ်နီးပါးအထိပျံသန်းနိုင်ကြပြီးတော့ အတော်လေးလျင်မြန်တဲ့အင်းဆက်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/22/22b591c7f6c2cf924a72b81c55a324fd11fa38bb.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T