ပုရွက်ဆိတ်တို့ရဲ့ အဓိကရန်သူ ငှက်တောင်ခြေထိုးသတ်ပိုးကောင်

//s9.kh1.co/ec/ec709fc3417f12403fc4b4d5296f0351676210d4.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၆ ရက် က

ပုရွက်ဆိတ်တို့ရဲ့ အဓိကရန်သူ ငှက်တောင်ခြေထိုးသတ်ပိုးကောင်

သိပ္ပံနာမည် Ptilocnemus lemur လို့ ခေါ်တဲ့ ပိုးကောင်ကို ဩစတေးလျနိုင်ငံမှာ အများဆုံး တွေ့ရနိုင်ပြီး Reduviidae မျိုးစိတ်က ဆင်းသက်လာတဲ့ အမွေးအတောင်ရှိတဲ့ ပိုးကောင်မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ငှက်တောင်ခြေထိုးသတ်ပိုးကောင်လို့ လူသိများပြီး ပုရွက်ဆိတ်တို့ရဲ့ ရန်သူပိုးကောင် လို့လည်း တင်စားကြပါတယ်။ ဩစတေးလျနိုင်ငံ ဇာတိဖြစ်ပြီး သစ်ပင်သစ်ခေါက် ကဲ့သို့ ဖျော့ဖျော့အရောင်ကြောင့် သစ်ပင်တို့ရဲ့ ပင်စည်တွေမှာ ပုန်းကွယ် နေတတ်ကြပါတယ်။ ပုရွက်ဆိတ်တွေကို ‌အဓိက စားသုံးကြပြီး ချုံခို ပုန်းကာ တိုက်ခိုက်တတ်တဲ့ Ptilocnemus lemur ကောင်‌တွေဟာ ပုရွက်ဆိတ်တို့ရဲ့ အဓိကရန်သူကောင် ဖြစ်လာပါတော့တယ်။

https://s9.kh1.co/__image/w=650,h=342,q=100/82/8291297d2407de4727ddd2e02cf81b2a898d6818.jpg

အာရုံကြောကို တိုက်ခိုက်ပေးကာ လေဖြတ်စေတဲ့ အဆိပ်ဓာတ်ထုတ်လုပ်နိုင်တဲ့ trichome ဟူသော အထူးပြုဂလင်းတစ်ခု ပါရှိပြီး အလယ်အလတ်အရွယ်အစားရှိ လူသတ်ပိုးကောင် သို့မဟုတ် ပုရွက်ဆိတ် ချေမှုန်းသူ လို့လည်း ခေါ်ကြပါတယ်။ Ptilocnemus lemur တစ်ကောင်ကို အမွေးအင်တင်နာ တစ်စုံပါတဲ့ သေးငယ်တဲ့ ဦးခေါင်းပိုင်း ၊ ကြီးမားသော ကျောရိုးအပေါ်ပိုင်း နဲ့ ကျယ်ပြန့်သော ရင်ဘတ် နဲ့ ဝမ်းဗိုက်ပိုင်း ဟူ၍ အပိုင်း ၃ ပိုင်း ခွဲခြားထားပါတယ်။ ဒါအပြင် အတောင်ပံတို့မှာလည်း သွေးပြန်ကြော သုံးခု နဲ့ နောက်ခြေတစ်စုံမှာ အခြားခြေချောင်းများထက် ပိုရှည်ပြီး ဒူးဆစ်အောက်ပိုင်းကို အမွေးအမျှင်ထူထူ ဖုံးအုပ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/75/7524111777a31c3d00c6a0bdecd747902445dae3.jpg

ဦးခေါင်း နဲ့ ရင်ဘတ်ပိုင်းတို့မှာ အဝါရင့်ရောင် သို့မဟုတ် အညိုရောင် ရှိပြီး ဝမ်းဗိုက်ပိုင်းမှာ မီးခိုးရောင် နဲ့ အနက်ရောင်တို့ ရှိပါတယ်။ ထူးခြားတဲ့ ဦးခေါင်းရှေ့က အမွေးရှည် နှစ်ခု ပါရှိပြီး ပုရွက်ဆိတ် လာအောင် ဆွဲဆောင်နိုင်တဲ့ အနံ့တစ်ခုကို ထုတ်လုပ်နိုင်ကြပါတယ်။ Ptilocnemus lemur ဆွဲဆောင်တဲ့ အနံ့ကြောင့် လာတဲ့ ပုရွက်ဆိတ်တွေကို နောက်ခြေနဲ့ ချုပ်ကာ ပုရွက်ဆိတ်ရဲ့ အရိုးမရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းထဲကို အဆိပ်ဓာတ်ထိုးသွင်းစေပြီး ပုရွက်ဆိတ်တစ်ကောင်ကို အာရုံကြောပျက်စီး လေဖြတ်ကာ သေဆုံးစေပါတယ်။ အဆိပ်ဓာတ်ကြောင့် ပုရွက်ဆိတ်သေဆုံးတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာ ‌အရည်ပျော်ကျလာပြီး ထိုအရည်ကို Ptilocnemus lemur ပိုးကောင်တို့က စုပ်ယူ အာဟာရပြုကြတဲ့ ထူးထူးဆန်းဆန်း အဆိပ်ရှိ ပိုးကောင်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/57/57c637c2a78e2a72aa37bf3f76246341ad04c79a.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T