မင်းသား ကန်ထယ်အို စစ်မှုထမ်းတာဝန်ပြီးဆုံးခြင်း

//s9.kh1.co/fb/fbee2424908d9c8f24d6ddbce8d507d96d988539.jpg
အနုပညာရှင်များ

 ၂၀-မတ်-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

မင်းသား ကန်ထယ်အို စစ်မှုထမ်းတာဝန်ပြီးဆုံးခြင်း

၂၀၂၂  တုန်းက အတော်လေးနာမည်ကြီး အောင်မြင်သွားခဲ့တဲ့ Extraordinary Attorney Woo ဇာတ်ကားရဲ့အဓိကမင်းသားဖြစ်တဲ့ မင်းသားကန်ထယ်အိုဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ၂၀၂၂ စက်တင်ဘာလမှာစတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ မင်းသားဟာအခုဆိုရင် သက်တမ်းပြည့်သွားတာကြောင့် ပရိတ်သတ်တွေရှေ့ကို မင်းသားတစ်ယောက်အနေနှင့် အမြန်ဆုံးပြန်ရောက်လာတော့မှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/6c/6c0fc1e012787619a8c7bb1269ef753a348f2109.webp

မင်းသားဟာ တစ်ခြားဇာတ်ကားတွေမှာလည်းသရုပ်ဆောင်ဖူးပေမဲ့ ဇာတ်ကားနှင့်ပဲနာမည်ကြီးလာတာပါ။ ဒါပေမဲ့ ဇာတ်ကားမပြီးခင်မှာပဲ ဝာာဝန်ထမ်းဆောင်လိုက်ရတာကြောင့် ပရိတ်သတ်တွေကဝမ်းနည်းနေခဲ့ကြတာပါ။ ဒါ့အပြင် ရှေ့နေဝူးယောင်းဝူဇာတ်လမ်းကို Season 2 ရှိစေချင်ကြတာကြောင့် မင်းသားရဲ့စစ်မှုထမ်းသတင်းဟာ ဒရာမာပရိတ်သတ်တွေကို အတော်လေးဝမ်းနည်းစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/f4/f486f4116351ce4e60396061d5c1166a87ea1a89.webp

အခုချိန်မှာတော့ Extraordinary Attorney Woo Season 2 ဇာတ်ညွှန်းကိုပြင်ဆင်နေဆဲဖြစ်ပြီးတော့ တစ်ခြားဇာတ်ကားတစ်ခုကိုလည်း ရိုက်ကူးဖို့လက်ခံထားတယ်လို့သိရပါတယ်။ မင်းသမီးလီဆန်းဘင်းနှင့်အတူ Potato Research Center ဆိုတဲ့ ဒရာမာမှာခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ဖို့အတည်ပြုထားပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/c1/c13e2260d4ae468809a208706bb33a3657ad1e44.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T