ကလေးသရုပ်ဆောင်ဘဝကနေပြီး အောင်မြင်တဲ့မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်လာတဲ့ မင်းသမီး ကင်ယိုဂျောင်ဟာ ဂျပန်နိုင်ငံကလူပေါင်းနှစ်ထောင်ကျော် ပါဝင်တဲ့စစ်တမ်းတစ်ခုမှာနံပါတ်တစ်နေရာကိုရခဲ့ပါတယ်။ ဒီစစ်တမ်းဟာ အသက်နှစ်ဆယ်အတွင်းမင်းသမီးတွေထဲက အလှဆုံးကိုမဲပေးရွေးချယ်တဲ့စစ်တမ်းတစ်ခုပါ။

စစ်တမ်းမှာ မင်းသမီးဟာပထမနေရာကိုရရှိခဲ့ပြီးတော့ မင်းသမီးဟန်ဆိုဟီးနှင့် ဆူဇီတို့က ဒုတိယနှင့်တတိယနေရာကိုရခဲ့ပါတယ်။ ကင်ယိုဂျောင်ဟာ နာမည်ကြီးဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့တဲ့မင်းသမီးဖြစ်ပြီးတော့ Love in the Moonlight ဇာတ်ကားနှင့် ထိပ်တန်းမင်းသမီးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကင်ယိုဂျောင်ဟာမကြာသေးခင်က မင်းသား Song Kang နှင့်အတူ MY Demon ဇာတ်ကားကိုရိုက်ကူးခဲ့ပြီးတော့ ဒီဇာတ်ကားမှာ ပရိတ်သတ်တွေကြားမှာ အတော်လေးအောင်မြင်မှုရခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း မင်းသမီးဟာ Chicken Nugget ဆိုတဲ့ဟာသရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
