အမြင့်ဆုံးကြည့်ရှုနှုန်းနှင့်ဇာတ်သိမ်းသွားတဲ့ Knight Flower Drama

//s9.kh1.co/73/7370e6894a28b51c5c2e71066ee548be02df2a40.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၅ လ က

အမြင့်ဆုံးကြည့်ရှုနှုန်းနှင့်ဇာတ်သိမ်းသွားတဲ့ Knight Flower Drama

မင်းသမီးကြီး Honey Lee ပါဝင်သရုပ်ဆောင်ထားတဲ့ Knight Flower ဒရာမာဟာနောက်ဆုံးအပိုင်းမှာ ကြည့်ရှုသူ 18.4 ရာခိုင်နှုန်းအထိရှိပြီး သောကြာ စနေထုတ်လွှင့်တဲ့ဒရာမာတွေရဲ့ ကြည့်ရှုသူစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒီစံချိန်ဟာ MBC ရဲ့ဒရာမာသမိုင်းမှာပထမဦးဆုံးဖြစ်ပြီး အရင်တုန်းက The Red Sleeve ဒရာမာကနေပြီး 17.4 ရာခိုင်နှုန်းနှင့်စံချိန်တင်ထားခဲ့တာပါ။

https://s9.kh1.co/__image/w=564,h=808,q=100/c4/c4af44bb2add2fe05060ff8f00c609410eb3b321.png

Knight Flower ဒရာမာဟာ ဂျိုဆွန်းခေတ်ကမုဆိုးမတစ်ယောက်ဖြစ်တဲ့ မိန်းကလေးတစ်ယောက်က ရွာထဲကပြည်သူတွေကိုအနိုင်ကျင့်ခြစားကြတဲ့ အရာရှိနှင့်မင်းမှုထမ်းတွေဆီကနေပြီး ကာကွယ်ပေးတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းဟာ သွက်ပြီးဟာသတွေလည်းအတော်အတန်ပါဝင်တာကြောင့် ဒရာမာကြည့်နေကျမဟုတ်တဲ့သူတွေတောင် ကြည့်ဖြစ်ကြတယ်လို့ ဆိုနိုင်ပါတယ်။

https://s9.kh1.co/__image/w=563,h=807,q=100/fb/fbc3e6dddd641502a53be52878adfdffca044ef0.png

ပြည်ပမှာတော့ အောင်မြင်ကျော်ကြားခြင်းမရှိပေမဲ့ Knight Flower ဟာ တောင်ကိုးရီးယားပြည်တွင်းမှာ အတော်လေး Hit ဖြစ်ခဲ့တဲ့ဒရာမာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒရာမာဟာ အရင် ဒရာမာတွေဖြစ်တဲ့ The Red Sleeve နှင့် My Dearest ကိုကျော်လွန်ပြီးတော့ အခုလိုမြင့်မားတဲ့ကြည့်ရှုနှုန်းကိုရခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=805,q=100/aa/aa9394cefb185af82f51c85d17c0c460f0ab53b1.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T