Han Seo Hee ဟာ YG ကုမ္မဏီရဲ့သင်တန်းသူဟောင်းတစ်ယောက်ဖြစ်ပြီးတော့ တောင်ကိုးရီးယားရဲ့အနုပညာရှင်တွေကို ပြဿနာဖြစ်အောင်မကြာခဏလုပ်တတ်တဲ့သူအဖြစ်နာမည်ကြီးတဲ့သူပါ။ သူဟာ သူ့ရဲ့အနုပညာရှင်အဆက်အသွယ်တွေကို အသုံးပြုပြီးတော့ အနုပညာရှင်တွေနှင့်ပတ်သက်တဲ့မကောင်းသတင်းတွေထွက်လာအောင် လုပ်လေ့ရှိပါတယ်။
![https://s9.kh1.co/__image/w=560,h=784,q=100/9e/9e81cb40dbe0d7d252982cc12fd40ef615a7281b.jpg](https://s9.kh1.co/__image/w=560,h=784,q=100/9e/9e81cb40dbe0d7d252982cc12fd40ef615a7281b.jpg)
ဒီတစ်ခေါ်က်မှာလည်း ဟန်ဆိုးဟီးဟာ သူနှင့် မင်းသား Ahn Hyoo Seop တို့ရဲ့ကိုယ်ရေးကိုယ်တာ စာတွေကို တင်လာခဲ့တာဖြစ်ပါတယ်။ စာထဲမှာ Han Seo Hee ဟာမင်းသားကိုသူနှင့်အတူအိပ်ဖို့ဟိုတယ်ကိုခေါ်နေတာပါ။ ဒီပုံကိုတင်ပြီးသိပ်မကြာခင်မှာပဲ ဟိုတယ်တစ်ခုမှာနေတဲ့ပုံကိုတင်ခဲ့တာကြောင့် မင်းသားရဲ့ပရိတ်သတ်တွေအထင်လွဲမှုဖြစ်ခဲ့ရပါတယ်။
![https://s9.kh1.co/__image/w=650,h=1406,q=100/c7/c7425385231b40d2209e68c28649207e9071be42.png](https://s9.kh1.co/__image/w=650,h=1406,q=100/c7/c7425385231b40d2209e68c28649207e9071be42.png)
မင်းသားဖက်ကနေပြီးတော့ သတင်းထွက်ထွက်ချင်းမှာ မဟုတ်မှန်ကြောင်းငြင်းခဲ့တဲ့အပြင် အခုဆိုရင် ဟန်ဆိုးဟီးကို တရားစွဲဖို့ပါပြင်ဆင်နေပြီလို့သိရပါတယ်။ သူမဟာ မူးယစ်ဆေးသုံးစွဲမှုကြောင့် ထောင်ဒဏ်နှစ်နှစ်ကျနေပြီးတော့ မကြာသေးခင်ကမှ ထောင်ကနေလွတ်လာတာဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=564,h=834,q=100/f7/f7789ecbe657a5315f3ad83e3a5b781ef6503c01.jpg](https://s9.kh1.co/__image/w=564,h=834,q=100/f7/f7789ecbe657a5315f3ad83e3a5b781ef6503c01.jpg)