BlackPink Lisa ဟာမကြာသေးခင်ရက်က သူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့် Coming Soon ဆိုပြီးပုံတင်လာခဲ့တာကြောင့် လှုပ်ရှားမှုတစ်ခုခုရှိလာမယ်လို့ထင်ခဲ့ကြတာပါ။ YG နှင့်လမ်းခွဲပြီးနောက်မှာ Lisa အနေနှင့် ကိုယ်ပိုင်ကုမ္မဏီတည်ထောင်မလား တစ်ခြားတစ်ခုခုနှင့်ပဲလက်တွဲမလားဆိုပြီး လူတော်တော်များများကိုသိချင်နေကြတာပါ။
ဒီနေ့မှာတော့ Lisa ကသူ့ရဲ့ကိုယ်ပိုင်ကုမ္မဏီ LLOUD ကိုတည်ထောင်လိုက်ပြီဖြစ်ကြောင်း တရားဝင်အသိပေးလိုက်ပါတယ်။ ကုမ္မဏီရဲ့ဖော်ပြချက်အရ Lisa ရဲ့တစ်ကိုယ်တော်အလုပ်တွေနှင့် လှုပ်ရှားမှုတွေကို အဆင်ပြေအောင်တာဝန်ယူပေးမှာဖြစ်ပြီး ကေပေါ့တင်မကဘဲ ကမ္ဘာ့ဂီတလောကမှာပါ အလုပ်တွေလုပ်ကိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
Lisa ဟာ အဖွဲ့ဝင်တွေထဲမှာ သုံးယောက်မြောက်ကိုယ်ပိုင်အေဂျင်စီထူထောင်လိုက်တဲ့သူဖြစ်ပါတယ်။ Jenni က Odd Atelier ဆိုတဲ့ ကုမ္မဏီကိုတည်ထောင်ထားပြီးတော့ Jisoo ကသူ့အစ်ကိုရဲ့ကုမ္မဏီနှင့်ပူးပေါင်းပြီး တည်ထောင်ထားပါတယ်။ လက်ရှိအချိန်မှာတော့ Rose တစ်ယောက်တည်းပဲ ကိုယ်ပိုင်အေဂျင်စီမရှိသေးတာဖြစ်ပါတယ်။