BTS အဖွဲ့ဝင် V နှင့် RM ဟာလက်ရှိစစ်မှုထမ်းဆောင်ဖို့ လေ့ကျင့်ရေးဆင်းနေကြတာဖြစ်ပါတယ်။ လေ့ကျင့်ရေးကာလပြီးသွားတာကြောင့် သင်တန်းဆင်းပွဲအနေနှင့်ထူးချွန်တပ်သားတွေကိုဆုပေးတဲ့နေရာမှာ နှစ်ယောက်လုံးပါဝင်လာခဲ့ကြပါတယ်။

ဒီထူးချွန်ဆုဟာ လေ့ကျင့်ရေးဆင်းနေတုန်း ရလာဒ်ကောင်းတွေလုပ်ဆောင်နိုင်ခဲ့တဲ့သင်တန်းသားတွေကိုပဲပေးတာဖြစ်တယ်လို့သိရပါတယ်။ V နှင့် RM တို့အပြင်တစ်ခြားတပ်သားလေးယောက်ဟာလည်းထူးချွန်တပ်သားတွေအနေနှင့်ရွေးချယ်ခံခဲ့ရပါတယ်။ ဒီတပ်သားတွေဟာ ၂ မိနစ်အတွင်း အိပ်ထမတင် ၇၂ ထက်ပိုပြီးလုပ်နိုင်သူ 12 မိနစ်နဲ့ 30 စက္ကန့်အတွင်း 3km ပြေးနိုင်သူအစရှိတဲ့ကြံ့ခိုင်မှုအမှတ်တွေပေါ်မူတည်ပြီးရွေးချယ်ထားတာပါ။

RM ကတော့ ဒီသင်တန်းဆင်းပွဲပြီးသွားတာနှင့် သက်ဆိုင်ရာယူနစ်မှာစတင်ပြီးတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတော့ V ကတော့ နိုင်ငံ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်းထားတာကြောင့် နောက်ထပ်လေ့ကျင့်ရေးဆင်းရအုံးမှာဖြစ်ပါတယ်။
