သားဦးကိုယ်ဝန်ဆောင်နေရပြီဖြစ်တဲ့ မင်းသား Lee Seung Gi နှင့် မင်းသမီး Lee Da In

//s9.kh1.co/d3/d39c6398b27a2cb0abaa99375dd9d5b6d319f0d3.jpg
အနုပညာရှင်များ

 ၀၁-နို-၂၀၂၃ ၉am · လွန်ခဲ့သော ၉ လ က

ဖခင်တစ်ဦးဖြစ်လာတဲ့ မင်းသား Lee Seung Gi

လွန်ခဲ့တဲ့ ဧပြီလတုန်းကမင်္ဂလာဆောင်ခဲ့ကြတဲ့ မင်းသား Lee Seung Gi နှင့် မင်းသမီး Lee Da In တို့ဟာ ပထမဦးဆုံးကလေးလေးကိုကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ မင်းသမီး ရဲ့အေဂျင်စီကလည်း သတင်းမှန်ကန်ကြောင်းအတည်ပြုပေးခဲ့ပြီး ကိုယ်ဝန်သက်တမ်းကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

https://s9.kh1.co/__image/w=650,h=367,q=100/5d/5d3a79b9ae52270a58d94635533d65b7b6047ccc.avif
https://s9.kh1.co/__image/w=650,h=443,q=100/3d/3dbe0001dbeb0716c40687f51c9bb5ef183281bb.jpg

ခန့်မှန်းချက်တွေအရ ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှာမွေးဖွားနိုင်တယ်လို့သိရပါတယ်။ Lee Seung Gi နှင့် Lee Da In တို့ဟာ နှစ်အတော်ကြာတွဲပြီးနောက်မင်္ဂလာဆောင်ခဲ့ကြတဲ့သူတွေပါ။ မင်္ဂလာပွဲမတိုင်ခင်က Lee Da In  တို့မိသားစုရဲ့ငွေကြေးအရှုပ်အထွေးတွေကြောင့် ပရိတ်သတ်တွေကစိတ်ပူခဲ့ပေမဲ့ အဆင်ပြေပြေနှင့်ပြီးသွားခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/77/775f61322bfc7c8601dbec8e3edba9baa29ca8f5.avif

လက်ရှိအချိန်မှာ မင်းသမီး Lee Da In ဟာ My Dearest ဇာတ်ကားမှာပါဝင်ရိုက်ကူးနေတာဖြစ်ပြီး သူပါဝင်တဲ့အခန်းတွေဟာရိုက်ကူးပြီးသလောက်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။ မင်းသား Lee Seung Gi ကတော့ လတ်တလောမှာဖျော်ဖြေပွဲဖျက်သိမ်းပြီး ကျန်းမာရေးကြောင့်အနားယူနေရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e5/e5e0f9a6d01c6041e1f68e15c093c1b6f947651d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2b/2b3245a3be17bb7fdbd233910c9a338690fae5bf.avif

Congratulation Lee Seung Gi and Lee Da In

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T