မင်းသမီး ဟန်ဆိုဟီးဟာလက်ရှိတောင်ကိုးရီးယားရဲ့တက်သစ်စမင်းသမီးတွေထဲမှာ နာမည်အကြီးဆုံးမင်းသမီးတစ်လက်အဖြစ်သတ်မှတ်ခံထားရသူပါ။ ပရိတ်သတ်တွေနှင့် နီးနီးကပ်ကပ်အမြဲဆက်သွယ်တတ်တဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ ဖြစ်တတ်တဲ့သူဖြစ်ပါတယ်။
မကြာသေးခင်က မင်းသမီးဟာဆိုရှယ်မီဒီယာတွေကနေခဏတာပျောက်ကွယ်သွားပြီး ကိုရိုက်ကူးနေခဲ့တာပါ။ ရိုက်ကူးရေးပြီးသွားပြီးနောက်မှာ ဟာပရိတ်သတ်တွေကိုနှုတ်ဆက်တဲ့စာနှင့်အတူ သူ့ရဲ့နှာခေါင်းခွဲစိတ်မှုအကြောင်းကိုပြောပြခဲ့ပါတယ်။
ဟန်ဆိုဟီးဟာ အသက်ရှူရခက်ခဲတဲ့အခြေအနေတစ်ခုကြောင့် နှာခေါင်းခွဲစိတ်မှုလုပ်ခဲ့ရပြီးတော့ လက်ရှိအချိန်မှာ ပြန်သက်သာလာဖို့စောင့်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ သူ့အခြေအနေဟာစိုးရိမ်စရာမရှိပေမဲ့ ခွဲစိတ်မှုကြောင့် နှာခေါင်းဟာနဂိုအရွယ်အစားထက်နှစ်ဆလောက်ဖြစ်နေတာကြောင့် ပရိတ်သတ်တွေအနေနှင့်လမ်းမှာမတော်တဆတွေ့ခဲ့ရင် မလန့်သွားဖို့ပါပြောခဲ့တာဖြစ်ပါတယ်။