BlackPink အဖွဲ့ဝင် လီဆာရဲ့အောင်မြင်မှုနှင့် တစ်ခြားထိုင်းနိုင်ငံဖွားကေပေါ့အိုင်ဒေါတွေရဲ့အောင်မြင်မှုဟာ ထိုင်းနိုင်ငံရဲ့ဖျော်ဖြေရေးကိုအများကြီးလွှမ်းမိုးနေပါတယ်။ အစောပိုင်းကေပေါ့ခေတ်တုန်းကလည်း ထိုင်းနိုင်ငံဖွားအိုင်ဒေါတွေရှိခဲ့ပေမဲ့ နောက်ပိုင်း Lisa ကြောင့်ပိုပြီးလွှမ်းမိုးမှုတွေရှိလာတာဖြစ်ပါတယ်။


BlackPink အဖွဲ့ရဲ့အောင်မြင်မှုနှင့်အတူ Lisa ရဲ့အောင်မြင်မှုပါတစ်ဟုန်ထိုးတိုးတက်လာတဲ့အခါ တစ်ခြားကေပေါ့အဖွဲ့တွေထဲက ထိုင်းနိုင်ငံဖွားအိုင်ဒေါတွေပါပိုပြီးလူသိများလာခဲ့ပါတယ်။ Lisa ဟာဆိုရှယ်မီဒီယာမှာ Follower အများဆုံးအိုင်ဒေါတစ်ယောက်ဖြစ်သလို ဇိမ်ခံဘရန်းနှင့် အမှတ်တံဆိပ်တွေအများကြီးရဲ့ကိုယ်စားလှယ်တစ်ယောက်အဖြစ်ပါအောင်မြင်နေတာပါ။


လီဆာရဲ့အောင်မြင်မှုနှင့်အတူ ထိုင်းနိုင်ငံလူငယ်လူရွယ်တွေရဲ့ ကေပေါ့အိုင်ဒေါဖြစ်ချင်တဲ့ဆန္ဒဟာပိုပြီး ကျယ်ပြန့်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာ ကေပေါ့ဘာသာရပ်အဖြစ်သင်ကြားမှုတွေရှိသလို ကိုးရီးယားဘာသာစကားကိုသင်ယူတဲ့လူငယ်အရေအတွက်ကလည်းပိုပိုပြီးတိုးလာတာပါ။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး လွှမ်းမိုးမှုရှိတဲ့လူပုဂ္ဂိုလ်တွေထဲမှာ Lisa ဟာ ထိပ်ဆုံးနေရာကနေပါဝင်နေတာဖြစ်ပါတယ်။
