G Dragon ဟာလက်ရှိဖြစ်ပေါ်နေတဲ့မူးယစ်ဆေးသုံးစွဲတဲ့သတင်းတွေကြောင့် ပြည်ပထွက်ခွာခွင့်ကိုပါပိတ်ထားခံရသူပါ။ ရဲဖက်ကနေစုံစမ်းစစ်ဆေးရေးတွေကိုလျင်မြန်တိကျစွာမလုပ်ပေးတာကြောင့် အခုချိန်ထိ ဆေးစစ်ချက်ရလာဒ်တွေကိုလည်းမသိရသေးပါဘူး။


ဒါကြောင့် G Dragon ဟာသူ့ရဲ့ရှေ့နေကနေတစ်ဆင့် မူးယစ်ဆေးသုံးစွဲကြောင်းစစ်ဆေးချက်တွေကို အမြန်ဆုံးလုပ်ဆောင်ဖို့တောင်းဆိုစာတင်ခဲ့ပါတယ်။ ရဲတွေဖက်ကတော့ G Dragon ရဲ့တောင်းဆိုမှုကိုအခုချိန်ထိမတုံ့ပြန်သေးဘဲ G Dragon ရဲ့ဖုန်းကိုစစ်ဆေးဖို့တင်သွင်းခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် စစ်ဆေးခွင့်မရခဲ့ကြပါဘူး။

G Dragon ဟာလက်ရှိရှေ့နေအပြင်နောက်ထပ်ရှေ့နေတစ်ယောက်ငှားရမ်းပြီးတော့ တစ်ပတ်အတွင်းစစ်ဆေးချက်လုပ်ဆောင်သွားမယ့်အကြောင်းရဲဖက်ကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာမှာ ပရိတ်သတ်တွေအမြင်လွဲမှားမှုဖြစ်အောင်သတင်းရေးသားသူတွေကိုလည်း တရားစွဲသွားမှာဖြစ်ကြောင်းထပ်ပြီးကြေညာခဲ့ပါတယ်။ ဒီကြေညာချက်အပြီးမှာတော့ ကိုးရီးယားနိုင်ငံရဲ့အဓိကသတင်းဆိုဒ်တစ်ခုဖြစ်တဲ့ Naver မှာ GD ဆေးသုံးထားကြောင်းရေးထားတဲ့သတင်းတွေအပုဒ်ရေ ၄၀၀ ကျော်ပြန်ဖျက်သွားခဲ့ကြပါတယ်။

