အသက်ငယ်သေးပေမဲ့ နာမည်ကြီးအောင်မြင်တဲ့ဇာတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ မင်းသမီးဟန်ဆိုဟီး ဟာ ပွင့်ပွင့်လင်းလင်းနေတတ်တာကြောင့်နာမည်ကြီးတဲ့မင်းသမီးပါ။ World of the Marriage မှာ ဖောက်ပြန်တဲ့ဇာတ်ကောင်နှင့်စတင်ပြီးနာမည်ရလာပေမဲ့ ပရိတ်သတ်တွေအများကြီးချစ်တဲ့သူလည်းဖြစ်ပါတယ်။


ဟန်ဆိုဟီးဟာ မကြာသေးခင်ကပဲ တက်တူးစတစ်ကာတွေကပ်ပြီး ပုံရိုက်ခဲ့တာကြောင့် တက်တူးအစစ်လို့ထင်ပြီး မီဒီယာနှင့် ပရိတ်သတ်တွေကြားမှာ ပွဲဆူသွားခဲ့ပါသေးတယ်။ ဒီတစ်ခါမှာလည်း သူဟာ Piercing လုပ်ထားတာတွေကို Live မှာပရိတ်သတ်တွေကိုဖွင့်ပြခဲ့ပါတယ်။ မျက်နှာပေါ်က နေရာငါးနေရာလောက်မှာ Piercing လုပ်ထားတဲ့ သူ့ကိုပရိတ်သတ်တွေက တစ်ကယ်သဘောကျနေကြတာဖြစ်ပါတယ်။


ဒီ Piercing တွေဟာနောက်ဇာတ်ကောင်အတွက် ပြင်ဆင်မှုလား သဘောကျလို့လုပ်ထားတာလားဆိုတာကိုတော့ မပြောသွားပါဘူး။ မျက်နှာလှလှလေးမှာ Piercing အမိုက်စားတွေအများကြီးလုပ်ထားတဲ့ ဟန်ဆိုဟီးကတော့ တစ်ကယ်ကိုမိမိုက်နေပါတယ်။


#Myanmarload #HanSoHee #Piercing #Korea #Actress