မကြာသေးခင်က ခြောက်နှစ်ကျော်တွဲခဲ့တဲ့ Joe နှင့်ပြတ်ဆဲသွားတဲ့ Taylor ဟာအခုဆိုရင်ချစ်သူအသစ်ရနေပြီဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ Taylor ဟာ အရင်ကတည်းကချစ်သူထားတိုင်း နှစ်ကူးအောင်မထားဘဲပြတ်လေ့ရှိပေမဲ့ Joe နှင့်ကခြောက်နှစ်ကျော်လက်တွဲခဲ့တာကြောင့် နှစ်ယောက်သားကိုအဆုံးထိလက်တွဲသွားကြမယ်လို့ ပရိတ်သတ်တွေကထင်ခဲ့ကြတာပါ။

အကြောင်းရင်းမသိရဘဲ ပြတ်ဆဲပြီးနောက်မှာတော့ တေလာရဲ့အချစ်ရေးသတင်းတွေဟာထပ်ပြီးခေါင်းစဥ်တစ်ခုဖြစ်လာခဲ့တာပါ။ မကြာသေးခင်ကပဲ တေလာနှင့် နာမည်ကြီး NFL ကစားသမား Travis Kelce တို့ကိုအတူတွဲတွေ့ရတာကြောင့် တွဲနေကြပြီဆိုပြီးကောလဟာလတွေထွက်လာတာပါ။


Travis ရဲ့ကစားပွဲရှိတဲ့နေ့မှာလည်း တေလာကိုယ်တိုင်လာပြီးတော့ Travis ရဲ့အမေနှင့်အတူ အားပေးခဲ့ပြီး ပွဲအပြီးမှာလည်း ကားတစ်စီးတည်းအတူထွက်သွားတာကြောင့် တွဲနေကြတယ်ဆိုတာသေချာသလောက်ရှိနေပါပြီ။ အချစ်သစ်လေး Travis Kelce နှင့် တေလာတစ်ယောက်ကတော့ အပျော်ကြီးပျော်နေတာပဲဖြစ်ပါတယ်။



Source - Slate
#Myanmarload #TaylorSwift #TravisKelce #Joe #Boyfriend