ပညာရှင်ရှားပါးတဲ့ မှုခင်းဆေးသိပ္ပံနယ်ပယ်အတွက်ငွေကြေးလှူဒါန်းခဲ့တဲ့ BTS RM

//s9.kh1.co/af/af5192397e90636a6b898edeb58ccc395db53be6.jpg
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

တစ်ကယ်အကျိုးရှိတဲ့နေရာတွေကို သေချာရွေးပြီးလှူတာ

RM ဟာ တစ်ခြားသူတွေထက် အလှူအဒါန်းလုပ်တဲ့နေရာမှာ သေချာရှာဖွေပြီးလှူတတ်လို့နာမည်ကြီးပါတယ်။ RM ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့အမွေအနှစ်တွေကို ထိန်းသိမ်းဖို့မကြာသေးခင်ကပဲ ဆိုးလ်အမျိုးသားပြတိုက်ကို ဝမ်တရာမီလီယံလှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် မသန်စွမ်းကလေးတွေအတွက် ဂီတနှင့်ဆိုင်တဲ့သင်ကြားမှုတွေလုပ်တဲ့ အစီအစဥ်မှာလည်းလှူဒါန်းခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=495,q=100/88/88848baa9a6c7d7a775003ba2f3c33921cc29b49.jpg
https://s9.kh1.co/__image/w=650,h=434,q=100/40/4026dbd9235c560144e4b1d9dfe77e3f3cf2c095.jpg

အခုတစ်ခေါက်မှာလည်း RM ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့လူနည်းစုပဲလုပ်ကိုင်နေတဲ့ မှုခင်းဆေးသိပ္ပံပညာရှင်တွေကိုပျိုးထောင်တဲ့နေရာမှာ အသုံးပြုဖို့ ဝမ်တစ်ရာမီလီယံထပ်မံလှူခဲ့တာပါ။ ဒီနယ်ပယ်ဟာ ကျွမ်းကျင်သူနည်းပါးလွန်းပြီး တစ်နိုင်ငံလုံးမှာ မှုခင်းသိပ္ပံကျွမ်းကျင်ပညာရှင် အယောက် ၆၀ လောက်ပဲရှိနေတာပါ။ ကျွမ်းကျင်တဲ့မှုခင်းဆေးသိပ္ပံပညာရှင်ဖြစ်လာဖို့ဆိုရင် ဆယ်နှစ်ကျော်အချိန်ပေးရမှာကြောင့် ဆရာဝန်အများစုဟာ ဒီနယ်ပယ်ကိုမရွေးချယ်ကြပါဘူး။ ၂၀၂၃ ခုနှစ်မှာဆို မှုခင်းဆေးသိပ္ပံအတွက်လျှောက်ထားတဲ့ ကျောင်းသားတစ်ယောက်တောင်မှမရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=342,q=100/af/af5192397e90636a6b898edeb58ccc395db53be6.jpg

 RM ဟာ Talk Show တစ်ခုမှာ ဒီအကြောင်းအရာကိုဆွေးနွေးပြီးနောက် မှုခင်းဆေးသိပ္ပံပညာရှင်တွေရဲ့ အခက်အခဲနှင့် အရေးပါပုံတွေကို သတိပြုမိတာကြောင့် ဒီလိုလှူဒါန်းမှုလုပ်ခဲ့တာပါ။ လုပ်သမျှ လှူဒါန်းမှုတိုင်းကတစ်ကယ်ကိုအဓိပ္ပါယ်ပြည့်ဝလွန်းနေတဲ့ BTS  ရဲ့ခေါင်းဆောင် RM ကတော့တစ်ကယ့်လေးစားစရာကောင်းလွန်းပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/1a/1ab212203e0de888caa3eb71a5745920226a4c7e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/df/df282bb3fd7509ec31a6ea884bbb64dfc0b42539.jpg

Source - Koreaboo 

#Myanmaload #BTS #RM #မှုခင်းဆေးသိပ္ပံ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T