Dior ရဲ့ဒီဇိုင်းနာကိုယ်တိုင် ချုပ်ပေးတဲ့ဝတ်စုံကိုပထမဆုံးဝတ်ခွင့်ရတဲ့ အာရှလူမျိုးဖြစ်လာတဲ့ Jisoo

//s9.kh1.co/63/6308aa6d6d2b30e8e76252bfb4ee20579cdfbc21.jpg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

Dior Princeness လေးဆိုတော့ ဘရန်းဖက်ကနေလည်းတအားဂရုစိုက်ပေးနေတာ

Jisoo ဟာ ဇိမ်ခံဘရန်းတွေအများကြီးရဲ့ Ambrassador ဖြစ်နေသလို Dior ရဲ့ပထမဆုံးသောအာရှလူမျိုး ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Jimin နှင့် TXT တို့ပါ ကိုယ်စားလှယ်ဖြစ်လာခဲ့ပေမဲ့ နဂိုကိုယ်စားလှယ်ဖြစ်တဲ့ Jisoo ကိုတော့ Dior Princeness လို့ခေါ်ကြတဲ့အထိ Dior ကနေပြီးချစ်နေတာပါ။ Jisoo ဟာ Dior ရဲ့ပြတိုက်နှင့် ရှားပါးလက်ရာတွေကိုလည်း အမြဲတမ်းလက်ဆောင်ရလေ့ရှိသလို Dior ရှိုးပွဲတိုင်းမှာအတောက်ပဆုံးမင်းသမီးလေးလိုမျိုးဆက်ဆံခံရတာပါ။

https://s9.kh1.co/__image/w=589,h=737,q=100/1f/1fbf4d5f42a225b9e999d7ea0e8afdd4f5eeedd1.png

ဒီတစ်ခေါက်မှာလည်း Jisoo ဟာ BornPink Tour နောက်ဆုံးပွဲဖျော်ဖြေတဲ့နေ့မှာ Dior ကနေပြီး သီးသန့်ချုပ်ပေးထားတဲ့ဝတ်စုံလေးကိုဝတ်ဆင်ခဲ့ပါတယ်။ ဒီဝတ်စုံလေးဟာ ဒီဇိုင်းနာ Maria Grazia Chiuri ကနေဦးစီးပြီး Dior လက်မှုပညာရှင်တွေကတစ်ဆင့်ချင်းစီအနုစိတ်ဖန်တီးထားတဲ့လက်ရာလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=589,h=736,q=100/4a/4aa1e29d7f3a5bc9c5495612277fd07987ee8c9e.png
https://s9.kh1.co/__image/w=589,h=736,q=100/0b/0b53d2e82c6f4ae7688ab41a4f05c963659c6f84.png
https://s9.kh1.co/__image/w=650,h=975,q=100/0d/0dac7c1f48faed12174fbc7e2e974a7271e70038.jpg

ဂါဝန်လေးရဲ့အပေါ်ပိုင်းကို ပန်းပွင့်လေးတွေကိုအရောင်စုံသုံးပြီး လှလှလေးနှင့် ထူးခြားနေအောင်ဖန်တီးထားတဲ့အပြင် အောက်ပိုင်းကိုအနက်ရောင်ဇာလေးသုံးပြီး သေချာဂရုတစိုက်ဖန်တီးထားတာပါ။ ဒီအနုစိတ်ဖန်တီးထားတဲ့ဂါဝန်လေးကို ကြည့်ရုံနှင့် Dior ကတော့ Jisoo ကိုဘယ်လောက်တောင်တန်ဖိုးထားလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=652,q=100/2d/2d11dbc4c9ea06e4f18f4b78abd52abeda34e683.webp

Source – Twitter

#Myanmarload #Jisoo #BlackPink #Dior #DiorPrinceness

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T