ပြဿနာဖြစ်စေမိလို့ တောင်းပန်ကြောင်းပြောခဲ့တဲ့ မင်းသားဆောင်းဂျွန်ကီ

//s9.kh1.co/3a/3aba02b1180eaf738b99d86e62e28d32e2afbf18.jpg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သားလေးနှင့် မိန်းမကိုချစ်တာတအားဖော်ပြနေတာ

ဆောင်းဂျွန်ကီဟာ မကြာသေးခင်ကမှ ဖခင်အဖြစ်ကိုရရှိထားတဲ့မင်းသားဖြစ်ပါတယ်။ ပထမအိမ်ထောင်နှင့်ကွာရှင်းတုန်းက ပြင်းထန်တဲ့ဝေဖန်မှုတွေခံခဲ့ရသလို ဒုတိယအိမ်ထောင်ထူထောင်ချိန်မှာလည်း ထပ်ပြီးဝေဖန်ခံခဲ့ရတာပါ။ မိသားစုဘဝကိုသဘောကျတဲ့ ဆောင်းဂျွန်ကီဟာ မိန်းမဖြစ်သူကေတီ ကိုယ်ဝန်ရင့်လာတာနှင့် အလုပ်တွေကိုရပ်ထားပြီး မိန်းမဖြစ်သူကိုပဲဂရုစိုက်နေခဲ့သူပါ။

https://s9.kh1.co/__image/w=650,h=975,q=100/cb/cb8e6074d41b6ce24a65399523d64d4bea2182a7.jpeg

ကလေးမွေးပြီးနောက်ပိုင်းမှာ သူ့အနေနှင့် ကလေးအဖေဖြစ်သွားတာက မင်းသားအလုပ်ကနေပြုတ်သွားသလိုဖြစ်ပေမဲ့ ဝမ်းမနည်းပါဘူးဆိုပြီးပြောခဲ့တာကြောင့် ထပ်ပြီးဝေဖန်ခံခဲ့ရပါသေးတယ်။ ဒီအကြောင်းနှင့်ပတ်သက်ပြီး ဆောင်းဂျွန်ကီက သူပြောခဲ့တဲ့စကားအဓိပ္ပါယ်ကနားလည်မှုလွဲစေတဲ့ ကိစ္စတွေဖြစ်စေတာကြောင့်တောင်းပန်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e6/e64bc9ea58973ff27a7ffb007578e83def36ac69.png
https://s9.kh1.co/__image/w=650,h=813,q=100/45/45c3c781487dd9350b073e850b32d0b0da45380a.jpg

သူ့အနေနှင့် ကလေးရလာလို့ မိသားစုကိုဦးစားပေးရတာကြောင့် သရုပ်ဆောင်အလုပ်ဖက်ကိုအရင်လိုအားမစိုက်နိုင်တော့ကို နောင်တမရကြောင်းပြောချင်တာသာ ဖြစ်တယ်လိုပြန်ရှင်းပြခဲ့တာပါ။ ဆောင်းဂျွန်ကီဟာ မကြာခင်မှာ ထုတ်လွှင့်တော့မယ့် သူ့ရဲ့ရုပ်ရှင် Hopeless အတွက် ပရိုမိုရှင်းလုပ်ဖို့တောင်ကိုးရီးယားကိုရောက်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=812,q=100/36/3636b676f159b703983866a31e07b3dda0120d73.jpg

Source – Koreaboo

#Myanmarload #SongJoongKi #Hopeless #Katy

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T