ထိုင်းနိုင်ငံရဲ့နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Both နှင့် Newyearr တို့ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက Top Secret Together ဆိုတဲ့ ဇာတ်ကားမှာ Gay Couple အဖြစ်အတူပါဝင်ခဲ့ကြဖူးပါတယ်။ ဇာတ်ကားရိုက်ကူးနေတုန်းကတော့ နှစ်ယောက်သားဟာချစ်သူတွေရှိနေကြပေမဲ့ နောက်ပိုင်းမှာလမ်းခွဲပြီး အချင်းချင်းတစ်ကယ်သဘောကျသွားခဲ့ကြတာပါ။


ဇာတ်ကားအတူရိုက်ကူးရင်းကနေ ချစ်ကြိုက်သွားပြီး အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းဟာ (၁၁) နှစ်လောက်တောင်ရှိနေပါပြီ။ Youtube Channel ပါဖွင့်ထားပြီး Couple ဗီဒီယိုတွေနှင့် ရိုမန့်တွေကို ပရိတ်သတ်တွေကိုဝေမျှပေးကြလေ့ရှိပါတယ်။ ထိုင်းနိုင်ငံဟာ လိင်တူအရေးမှာအာရှနိုင်ငံတွေထဲအပွင့်လင်းဆုံးဖြစ်ပေမဲ့ တရားဝင်ဥပဒေတော့မရှိသေးတာကြောင့် Newyear နှင့် Both တို့ဟာလန်ဒန်ကိုသွားပြီး လက်ထပ်စာရင်းသွင်းနေကြပုံပါ။


ဒီအကြောင်းကို Newyear ကသူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့် လက်စွပ်နှင့်အတွဲပုံလေးတွေတင်ပြီး အသိပေးလာခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားအတူတူရိုက်ရင်း တစ်ကယ်ချစ်သွားကြတဲ့ Newyear နှင့် Both တို့ကတော့ မကြာခင်အချိန်မှာမင်္ဂလာပွဲတောင် ကျင်းပတော့မှာပါ။

Congratulation Both & Newyear 🎉🌈
Source – SK Pop
#Myanmarload #Newyear #Both #BLDrrama #GayCouple