BTS အဖွဲ့ဝင်တွေဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ထုံးစံအတိုင်း မကြာခင်မှာစစ်မှုထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Jin နှင့် J Hope တို့က တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး Suga ကလည်းလူမှုဝန်ထမ်းအဖြစ် တာဝန်ထမ်းနေတာပါ။


မကြာသေးခင်က အဖွဲ့ဝင်အကုန်လုံးဟာ Big Hit နှင့်စာချုပ်သက်တမ်းတိုးခဲ့ကြပြီးတော့ စစ်မှုထမ်းကာလနောက်ပိုင်းမှာလည်း အဖွဲ့အနေနှင့် ဆက်ရှိနေမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နှင့်အတူ အဖွဲ့ဝင်တွေထဲက အငယ်ဆုံးတွေဖြစ်ကြတဲ့ RM Jimin V JungKook တို့ရဲ့ စစ်မှုထမ်းဆောင်မယ့်အကြောင်းလည်းပါလာခဲ့ပါတယ်။



ကုမ္မဏီရဲ့ ဖော်ပြချက်အရဆိုရင် ဒီနှစ်အတွင်းမှာ အဖွဲ့ဝင်အကုန်လုံးဟာ စစ်မှုထမ်းဆောင်နိုင်ခြေရှိနေတာပါ။ သူတို့ရဲ့ စစ်မှူထမ်းဆောင်မယ့်အကြောင်းအရာတွေကို ဒီနှစ်အတွင်းမှာပဲကြေညာသွားမှာလို့ ဖော်ပြခဲ့တာပါ။ ဒါ့ကြောင့် အဖွဲ့ဝင်အကုန်လုံး အမြန်ဆုံးပြန်ဆုံနိုင်ဖို့ရည်ရွယ်ပြီးတော့ အငယ်တွေဟာမကြာခင်မှာပဲ စစ်မှုထမ်းဆောင်သွားကြလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။




Source - Koreaboo
#Myanmarload #BTS #JIn #Suga #JHope #RM #Jimin #V #JungKook





