BlackPink အဖွဲ့ဟာ မကြာသေးခင်က သူတို့ရဲ့ကုမ္မဏီနှင့် စာချုပ်သက်တမ်းပြည့်သွားတာကြောင့် စာချုပ်အသစ်ကိစ္စကိုဆွေးနွေးနေကြတာပါ။ ဒီစာချုပ်ဟာ အဖွဲ့ရဲ့ရှေ့ဆက်လှုပ်ရှားမှုတွေကို အကျိုးသက်ရောက်စေမှာဖြစ်သလို အဖွဲ့ဝင်တွေရဲ့တစ်ကိုယ်တော်အလုပ်တွေနှင့်လည်းသက်ဆိုင်နေတာဖြစ်ပါတယ်။


စာချုပ်ကိစ္စဟာ လွန်ခဲ့တဲ့လတွေကတည်းက ဆက်တိုက်ဆွေးနွေးလာခဲ့ကြပေမဲ့ အခုချိန်ထိအဖြေမထွက်လာသေးတာပါ။ မီဒီယာတွေရဲ့ခန့်မှန်းချက်နှင့် ဖော်ပြမှုတွေကိုလည်း YG ဖက်ကနေဆက်တိုက်ငြင်းဆိုနေခဲ့ပြီးဆွေးနွေးနေဆဲလို့သာ ပြောခဲ့ပါတယ်။

ဒီတစ်ခါမှာလည်း မီဒီယာတစ်ခုကနေပြီး အဖွဲ့ဝင် Jennie နှင့် Jisoo တို့ဟာ ကိုယ်ပိုင်ကုမ္မဏီတွေတည်ထောင်ပြီး တစ်ကိုယ်တော်လှုပ်ရှားမှုတွေပိုပြီးလုပ်ဆောင်ဖို့စီစဥ်နေကြကြောင်း သတင်းတက်လာပါတယ်။ YG ဖက်ကတော့ ဒီသတင်းဟာအတည်မပြုထားကြောင်း နှင့်စာချုပ်ကိစ္စကိုဆွေးနွေးနေဆဲသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ တစ်ကယ်သာဆိုရင်တော့ CEO Jennie Kim နှင့် CEO Jisoo တို့ကိုတွေ့နိုင်မှာဖြစ်ပါတယ်။


Source – Allkpop
#Myanmarload #BlackPink #Jennie #Jisoo #YG_Entertainment #Contract_Renewal