BTS အဖွဲ့ရဲ့ စာချုပ်သက်တမ်းတိုးတာကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတဲ့ Army များ

//s9.kh1.co/9e/9efb663eb72f56c9493593a00e23e1c74042a7e8.jpg
အနုပညာရှင်များ

 ၂၅-စက်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

Big Hit က BTS ကိုကောင်းကောင်းဆက်ဆံရမှာ

BTS အဖွဲ့ဟာ ကုမ္မဏီဖြစ်တဲ့ Big Hit နှင့် စာချုပ်သက်တမ်းထပ်တိုးလိုက်ကြောင်း မကြာသေးခင်ကကြေညာခဲ့ပါတယ်။ BTS အဖွဲ့ဝင် (၇) ယောက်လုံးဟာ စာချုပ်အသစ်ဆက်ချုပ်ဖြစ်ကြပြီးတော့ စစ်မှုထမ်းကာလပြီးတဲ့နောက်ပိုင်းမှာလည်း Big Hit နှင့်ပဲအလုပ်တွေဆက်လုပ်သွားကြမှာပါ။

https://s9.kh1.co/__image/w=650,h=488,q=100/b4/b4215846fd615cb7a865a80014fb81e0948741f5.webp
https://s9.kh1.co/__image/w=650,h=365,q=100/0a/0af3f5f704f2128af2efdeafeeb0d9e7ccf89b83.jpg

ဒါပေမဲ့ ပရိတ်သတ်တစ်ချို့ကတော့ ကုမ္မဏီအနေနှင့် အဖွဲ့ဝင်တွေကိုအတင်းအကြပ်စာချုပ်သက်တမ်းတိုးစေတာဖြစ်တယ်လို့ ယူဆကြပြီးတော့ ကန့်ကွက်ကြောင်း ဆန္ဒပြတဲ့ ကားတွေကိုကုမ္မဏီရှေ့ကိုပို့ထားတာပါ။ Big Hit ဟာ BTS အဖွဲ့ကြောင့် တောင်ကိုးရီးယားရဲ့နာမည်ကြီးကုမ္မဏီတစ်ခုဖြစ်လာခဲ့ပေမဲ့ အဖွဲ့ဝင်တွေကိုသေချာဂရုမစိုက်ပေးနိုင်တာကြောင့် ပရိတ်သတ်တွေမုန်းတီးတာကိုမကြာခဏခံရပါတယ်။

https://s9.kh1.co/__image/w=650,h=293,q=100/1e/1e51d3da2be6e9ff7d149955dff273cbb9ee06ea.jpeg
https://s9.kh1.co/__image/w=650,h=293,q=100/da/da8fac6a98ba77143c225a30489d6a9cc2090dde.jpeg

ဒါ့အပြင် အဖွဲ့ဝင်တွေကြားမှာလည်း မျှမျှတတဆက်ဆံမှုမရှိတာကြောင့် မကြာခဏဆိုသလို ပရိတ်သတ်တွေစာပို့ပြီးတိုင်တန်းခဲ့ရပါတယ်။ Big Hit အနေနှင့် BTS အဖွဲ့ကိုအခုထက်ပိုကောင်းအောင်မျှမျှတတ ဆက်ဆံပေးသင့်ကြောင်းနှင့် အဖွဲ့ဝင်တွေကြား ဘက်လိုက်မှုမရှိစေဖို့လိုအပ်ကြောင်း အစရှိတဲ့စာသားတွေနှင့် ကုမ္မဏီကိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/db/db3dfa1bb222e02cbc7fb2fcbe2dfa2771849e62.webp

Source – Kbizoom

#Myanmarload #BTS #BigHit #Hype #Army

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T