တောင်ကိုးရီးယားရဲ့နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တဲ့ Lee Seng Yeop ဟာမကြာခင်မှာချစ်သူကောင်မလေးနှင့် လက်ထပ်တော့မှာဖြစ်ကြောင်း မီဒီယာတွေကတစ်ဆင့်သတင်းထွက်လာပါတယ်။ မင်းသားဟာ နာမည်ကြီးဒရာမာနှင့်ဇာတ်လမ်းအများကြီးကိုရိုက်ကူးထားပြီး ရသစုံရှိုးတွေမှာပါ နာမည်ကြီးတဲ့မင်းသားဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက Lee Seng Yeop ဟာ Sixth Scence ဆိုတဲ့ရှိုးမှာ အဆိုတော် Jessi နှင့်အတူအတွဲညီညီပါဝင်ခဲ့ဖူးတာကြောင့် ပရိတ်သတ်တွေကနှစ်ယောက်သားကိုအပြင်မှာတစ်ကယ်လက်တွဲဖြစ်ဖို့မျှော်လင့်ထားတာပါ။ ဒါပေမဲ့ Lee Seng Yeop ရဲ့ချစ်သူဟာ ပရိတ်သတ်တွေမသိတဲ့ Non Celebrity သာမာန်ကောင်မလေးဖြစ်ပြီး ရုပ်ရည်အရအများကြီးလှတဲ့သူဖြစ်တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။


မင်္ဂလာပွဲကိုတော့ ၂၀၂၄ မတ်လမှကျင်းပမှာဖြစ်ပေမဲ့ သူတို့နှစ်ယောက်ဟာအခုကတည်းကနေပွဲအတွက်ပြင်ဆင်နေကြပါပြီ။

Congratulation to the couple
Source - UNGBIN News
#Myanmarload #LeeSengYeop #Wedding #Jessi #SixthScence