မင်္ဂလာပွဲကျင်းပသွားပြီ ဖြစ်တဲ့ Captain America မင်းသားကြီး Chris Evan

//s9.kh1.co/90/90a1f3eba932b4ffffdbebcc9d11f4532968edc1.jpg
အနုပညာရှင်များ

 ၁၂-စက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

Congratulation Evan & Baptista

Marvel လောကရဲ့ခေါင်းဆောင်ဖြစ်တဲ့ Captain America နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား Evan ဟာဆိုရင် မင်္ဂလာပွဲကျင်းပပြီးသွားပြီဖြစ်ပါတယ်။ မင်းသား Evan ဟာသူ့ထက် ၁၆ နှစ်ငယ်တဲ့မင်းသမီးချောလေး Alba Baptista နှင့် လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မနှစ်တုန်းကတွဲနေကြောင်းသတင်းတွေကိုအတည်ပြုပြီး ချစ်သူသက်တမ်း တစ်နှစ်ကျော်မှာမင်္ဂလာဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=483,q=100/de/de6e3beb9068082471d028c0fc526d6201184166.webp
https://s9.kh1.co/__image/w=650,h=975,q=100/cf/cfdfbede19ea854b61f53b1f7f14818cc90b2c72.webp

မင်္ဂလာပွဲကို ရင်းနှီးတဲ့သူတွေကိုပဲဖိတ်ကြားပြီး မီဒီယာတွေလုံးဝမဝင်ရောက်နိုင်အောင် လုံခြုံရေးအပြည့်အစုံနှင့်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို Marvel ထဲကလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Iron Man ရောဘတ် Thor မင်းသား နှင့် Hulk တို့ပါတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=655,q=100/01/01fb8b2e8798997cb3ed14712c46f971c0f92296.jpg
https://s9.kh1.co/__image/w=650,h=876,q=100/92/92da0b88367b516d6e68c5c02e019bce76e4d3b7.jpg

Evan ဟာ Baptista နှင့် ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုပြီးပျော်ရွှင်တတ်လာပြီး ကောင်းမွန်တဲ့လူဖြစ်တာကြောင့် Evan ရဲ့မိသားစုတွေကပါ Baptista ကိုချစ်ကြကြောင်း အတွင်းသတင်းတွေကဖော်ပြကြပါတယ်။ Evan ကလည်းသူ့အိမ်မက်ဟာ ကလေးတွေနှင့်ပျော်ပျော်ရွှင်ရွှင်တည်ဆောက်ထားတဲ့မိသားစုတစ်ခုလို့ အင်တာဗျူးတွေမှာဖြေကြားဖူးတာကြောင့် ဒီမင်္ဂလာသတင်းဟာ ပရိတ်သတ်တွေအတွက်သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/89/89fad8fd838047bbb0ff43e0591f6c89dc8e2733.jpg

Source – ComicBook

#Myanmarload #CaptainAmerica #ChrisEvan #Baptista #Wedding #Marvel

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T