Crazy House မှာဖျော်ဖြေမယ့် သတင်းကြောင့်တရုတ်ပရိတ်သတ်တွေစိတ်ဆိုးတာခံနေရတဲ့ BlackPink Lisa

//s9.kh1.co/9b/9b3f7f03550b57c2358e508fc748ccfa3184187b.jpg
အနုပညာရှင်များ

 ၁၂-စက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

ဒီလိုရှိုးမှာဖျော်ဖြေခွင့်ရတဲ့ ပထမဆုံးသော ကေပေါ့အိုင်ဒေါဖြစ်လာတဲ့ လီဆာ

Lisa ဟာပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပလေ့ရှိတဲ့ Crazy House ဆိုတဲ့ ရှိုးမှာတစ်ကိုယ်တော်ဖျော်ဖြေမှုကိုပြသသွားမှာဖြစ်ပါတယ်။ Crazy House ဟာ နာမည်ကြီး Beyonce Frederick Wiseman, Pamela Anderson, Dita Von Teese, နှင့် Aubade တို့လိုမျိုးကမ္ဘာ့ထိပ်တန်းအဆိုတော်အနည်းငယ်လောက်ကပဲ ပါဝင်ခွင့်ရခဲ့တဲ့နေရာဖြစ်တဲ့အပြင် Private ဆန်လွန်းတာကြောင့်နာမည်ကြီးတဲ့ရှိုးလည်းဖြစ်ပါတယ်။ ရှိုးအတွင်းမှာ အနုပညာဆန်တဲ့ အဖော်အချွတ်အကတွေနှင့် ကိုယ်လုံးတီးဖျော်ဖြေမှုတွေလည်းရှိတာကြောင့် အသက်အရွယ်ကန့်သတ်ထားတဲ့ရှိုးတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=383,h=680,q=100/d6/d6163341dd7d9f42de16fb78d417b3e7bb267507.jpg
https://s9.kh1.co/__image/w=470,h=470,q=100/e6/e6133c6cccf00fc7ba1a3eb8c7b1fbf1830d7e3f.webp

Lisa ဟာဒီရှိုးမှာဖျော်ဖြေခွင့်ရတဲ့ ပထမဆုံးကေပေါ့အဆိုတော်ဖြစ်လာပါတယ်။ ဒါပေမဲ့ Lisa ရဲ့ပရိတ်သတ်တွေကတော့ Lisa အနေနှင့် Born Pink World Tour တစ်လျှောက်လုံးမ အတိုအပြတ်တွေတောက်လျှောက်ဝတ်ရုံတင်မကဘဲ အခုဆို Crazy House လိုရှိုးမျိုးကိုပါဖျော်ဖြေမှာဖြစ်တာကြောင့် စိတ်ဆိုးနေကြတာဖြစ်ပါတယ်။ သူတို့အနေနှင့် Lisa ကိုဒီလိုရှိုးမျိုးမှာပါဝင်တာက Anti တွေပြောဖို့အခွင့်အရေးဖြစ်သွားမှာစိတ်ပူနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=236,h=472,q=100/7a/7a5381df582b29e4df00192a17002c8d09de1dd7.jpg
https://s9.kh1.co/__image/w=540,h=960,q=100/58/586dc63e73fb344754cce464d39491eb506ae853.jpg

ဒါပေမဲ့ Lisa ရဲ့အကြီးဆုံးတရုတ် Fansite ကတော့ Lisa ဘာပဲလုပ်လုပ်အမြဲထောက်ပံ့အားပေးနေမှာဖြစ်ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာကနေပြီးတင်ထားပါတယ်။ ဒါ့အပြင် Lisa ရဲ့ အင်စတာဂရမ်အောက်ကမကောင်းတဲ့ မှတ်ချက်တွေဟာလည်း Anti တွေက ပရိတ်သတ်ယောင်ဆောင်ပြီးပေးကြတာသာဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/77/774d648fc6392b6b4af9c2c3d4c6287ddf38b878.webp

Source – LisaFansite

#Myanmarload #Lisa #BlackPink #CrazyHouse #SoloPerformance

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T