အကောင်းဆုံးဝတ်စားဆင်ယင်မှုအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဆောင်းဟေကို

//s9.kh1.co/52/52dbe4416cfd49660a7275b5797dab388fa4f2c7.jpg
အနုပညာရှင်များ

 ၁၂-စက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

မမဟေကို ကတော့အသက်ကြီးသွားဖို့စိတ်ကူးမရှိတော့တဲ့ပုံပဲ

မင်းသမီးဆောင်းဟေကိုဟာ မကြာသေးခင်က စင်ကာပူမှာကျင်းပခဲ့တဲ့ Chaumet ရဲ့ဆိုင်အသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲကိုတက်ရောက်လာတဲ့ Kyo ဟာမီဒီယာတော်တော်များများရဲ့ခေါင်းစီးသတင်းတွေမှာ နေရာယူနိုင်ခဲ့တဲ့အပြင် ပရိတ်သတ်တွေကပါအလှဆုံးဖြစ်နေခဲ့တာလို့ပြောတဲ့အထိလှနေခဲ့တာဖြစ်ပါတယ်။ Kyo ဟာအပြာနုရောင်ဝတ်စုံလေးကို ဒီဇိုင်းပုံရိုးရိုးလေးနှင့် အမြင်လှအောင်ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=625,q=100/7e/7ed7f7395700069b4c626ca64261e4aa87e62d7f.webp
https://s9.kh1.co/__image/w=650,h=813,q=100/97/973f5de59d20a9a25cff242d0de8f74187860ed0.jpg

ဒီဝတ်ဆင်မှုဟာ YTN Entertainment ရဲ့ အကောင်းဆုံးဝတ်စားဆင်ယင်မှုအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အမှန်တော့ ဒီဝတ်စုံဟာ Kyo ကိုယ်တိုင် ပိတ်စရွေးတာကနေပြီး ဒီဇိုင်းပုံနှင့်အရောင်ရွေးတာမှာပါ ပါဝင်ခဲ့တာြဖစ်ပါတယ်။ Chaumet Store နှင့် လိုက်ဖက်မယ့်အရောင်ကိုရွေးချယ်ခဲ့တာဖြစ်ပြီး Kyo တစ်ယောက်တည်းအတွက်ပဲသီးသန့်ချုပ်ထားတဲ့အထည်လည်းဖြစ်ပါတယ်။ သတင်းထောက်တွေဟာ အနုပညာရှင်တွေအများကြီးထဲမှာမှ Kyo ကိုရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=365,h=600,q=100/05/05416e19427fc20a534f5a6e6a8b92005a5e29b1.jpg
https://s9.kh1.co/__image/w=350,h=593,q=100/66/66f6fe730af1f124fa188865815f658aa5d19032.jpg

သူတို့ရဲ့ဖော်ပြချက်တွေအရ Kyo ရဲ့ဝတ်စုံဟာရိုးရှင်းကျက်သရေရှိနေသလို Chaumet Theme နှင့်လည်းအတော်လေးလိုက်ဖက်မှုရှိနေတာကြောင့် ဒီလိုရွေးချယ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ အပြာရောင်ဝတ်စုံလေးနှင့်နတ်သမီးလေးလိုလှနေတဲ့ မမဟေကိုကတော့ သတင်းထောက်တွေကိုယ်တိုင်ကတောင်အသိအမှတ်ပြုရတဲ့အထိလှနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=971,q=100/7d/7d2bcbd7bbac6c8bf18ca2c76fb25fe50dcd747f.jpg

Source – Koreaboo

#Myanmarload #SongHyeKyo #Chaumet #Singapore #PopUpStore

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T